Part 6

1.6K 129 3
                                    


စွဲနေပြီ

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

စွဲနေပြီ

အပိုင်း (၆)

#စွဲနေပြီ

"ဟယ်..."

ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်တော့ တစ်ထောင်တန် ငါးရွက်က လျော့နေပြီ ငါးရာတန် သုံးရွက်ပဲ ကျန်တော့သည်..။

သိလိုက်ပါပြီ ..ဒါ..ဒင်းလက်ချက်ပါပဲ...။

လတ် ပိုက်ဆံအိတ်ကို ပစ်ချပြီး ခြေဆောင့်ခါ အခန်းထဲကို တဒုန်းဒုန်း ၀င်သွားလိုက်သည်..။

တစ်ခါတလေ..မနက် ၂နာရီ အထိ အိပ်နေတုန်း..။

တစ်ခါတလေ...တစ်ညလုံး မအိပ်ပဲ ဘာတွေ ထိုင်လုပ်နေမှန်းကို မသိ...။

သီချင်းရေးသလိုလို စာရေးသလိုလို..တစ်ခါတလေ ဂိမ်း တစ်ညလုံး ဆော့နေတာ...။

"ဟဲ့...နိုင်ထူး...ထစမ်း.."

"ကျစ်...ဘာလည်း ဗျာ..."

"ထဆိုထစမ်း..."

"အမ်း..."

"နင် ငါ့ ပိုက်ဆံတွေ ယူပြန်ပြီ...နင်တော့သွားပြီ...သူခိုးလုံးလုံး ဖြစ်သွားပြီ..."

"ဟာ...မဟုတ်ဘူး...လုံးဝ မယူဘူးနော်..."

နိုင်ထူး ငေါက်ခနဲ့ ငုတ်တုတ် ထထိုင်လိုက်ပြီး ခြေခါ လက်ခါ ငြင်းလိုက်ရင်း စောင်ကို ဆောင့်ကန် ထုတ်လိုက်သည်..။

"မယူပဲနဲ့ နင့်မြိုနေတာတွေ ဘယ်ကရလည်း.."

"ငါ့ သူငယ်ချင်းပေးတာ..."

"ဟား..ဟား...သွားစမ်းပါ....နင်နော်...နောက်တစ်ခါဆို မောင်နှမတွေ ဘာတွေ မသိဘူး..ငါကိုယ်တိုင် ရဲလက်ကို အပ်ပြမယ်..."

"မဟုတ်ဘူး...ငါ့မယူပါဘူး..မလတ်ရာ...ဘာဖြစ်လို့...ဘာဖြစ်လို့...ငါ့ကိုချည်း ထင်နေကြတာလည်း....ဟိုဘက်အိမ်က ရေဇလုံ ပျောက်တာလည်း ငါ့ကို မသင်္ကာဘူး..နောက်ဖေး အိမ်က ကလေးစက်ဘီး ပျောက်တာလည်း ငါ့ကို ခေါ်စစ်တယ်...ငါ့ကိုဘာလို့ သူခိုးလို့ပဲ ထင်နေကြတာလည်း....ငါ သူခိုးမဟုတ်ဘူး..လုံးဝ မခိုးဘူး.."

စွဲနေပြီ (Complete) Onde histórias criam vida. Descubra agora