စွဲနေပြီ
အပိုင်း (၂၉)
#စွဲနေပြီ
"မိန်းမရေ...ထမင်းစားမယ်လေ.."
"စားလေ...လတ်မစားဘူး...နောင့် အတွက် ပြင်ထားပြီးပြီ..."
"ဒါ ဘာစကားလည်း...ဆန်းဒေးကို တူတူ စားဖို့ ပြောထားတယ်လေ..."
နောင် လှေကားက ခပ်ဆောင့်ဆောင့် ဆင်းလာပြီး တီဗွီ ကြည့်နေတဲ့ မလတ် အနားကို ရောက်အောင် သွားလိုက်သည်...။
လေ့ချင့်ခန်း လုပ်နည်းတွေ ကြည့်ပြီး ဘာလုပ်မလို့ပါလိမ့်..။
"ဟာ....မပိတ်နဲ့...နောင်...ပြန်ဖွင့်ဟယ်.."
"ထမင်းစားမယ်လို့ ပြောနေတယ်လေ..."
"လတ် မစားဘူး.."
"ဘာဖြစ်လို့လည်း.."
"၀ိတ်ချမလို့..."
"ဘာ..."
မလတ် စကားကြောင့် စိတ်တိုခါ ဆိုဖာပေါ် ထိုင်ချပြီးပခုံးကို ဆွဲဖက်ခါ ပါးကို ငုံခဲခါ ကိုက်ပစ်လိုက်သည်..။
"အ......အ...အား....နာလိုက်တာ...အကွင်းလိုက် ပါသွားပြီလားမသိဘူး.."
ပါးကို လက်နဲ့ အုပ်ကိုင်ပြီး မျက်နှာလေး ရှုံ့မဲ့ခါ အော်တော့ နောင် ပါးကို ပွတ်ပေးရင်း မကျေမနပ်ဖြင့် ...
"၀ိတ်ချမယ် ထပ်ပြောကြည့်..."
"မချလို့မရဘူး..အရင်လို မဟုတ်ဘူး..မောလာပြီ နောင်ရဲ့..အရင်က ၀တယ်ဆိုပေမဲ့ အလုပ်လုပ်နေတော့ နေလို့ကောင်းတယ်..."
"အခုလည်း တောက်တောက် နဲ့ လျှောက်သွားနေတာပဲ ထိုင်နေတာမှ မဟုတ်တာ...လေ့ကျင့်ခန်းဆိုလည်း မနက်စောစော နောင်နဲ့ လမ်းလျှောက်မယ်လေ......၀ိတ်ချဖို့တော့ ခွင့်မပြုဘူး...၀ိတ်ချလိုက်ရင် ဒီပါးဖောင်းဖောင်းလေး ပျောက်သွားလိမ့်မယ်..."
VOUS LISEZ
စွဲနေပြီ (Complete)
Aléatoire"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...