စွဲနေပြီ
အပိုင်း (၁၉)
#စွဲနေပြီ
"မလတ်..ထမင်းဘူးထည့်ပေး.."
"ဟမ်.."
မနက်ဈေးက ပြန်လာပြီး ချက်ပြုတ်နေချိန် အနားကို လာပြောတဲ့ စကားကြောင့် အံသြရင်း မော့ကြည့်မိသည်..။
သွားတိုက်တံ ပါးစပ်မှာတပ်ပြီး ပလုံးပထွေးပြောခါ ရေတွင်းဆီကို ဆက်သွားတော့ လတ် သက်ပြင်းချရ၏..။
ဘယ်လိုကောင်စုတ်လေးလည်း...ညက ကြောက်ဖို့ကောင်းသလောက် အခုကျတော့ လည်း သူ မဟုတ်သလိုပဲ ရေခပ်ပြီး အိုးတွေထဲ လိုက်ဖြည့်ပေးနေပြန်သည်..။
ထမင်းဘူး ထည့်ရမယ် ဆိုတော့ ကြက်ဥချဉ်ဟင်းအိုး ကို ရေထည့်ခဲ့ပြီး ဇာဇာ တို့ ဆိုင်ကို ထွက်လာခဲ့လိုက်သည်..။
သူတို့ စတိုးဆိုင်မှာ ထမင်းဘူးလေးတွေ တစ်ခါတုန်းက တွေ့ခဲ့တာ ကျန်ပါ့ဦးမလား မသိ..။
"ဟော...အစ်မလတ် စောကြီးပါလား."
"အေး..ဇာဇာကော.."
"ဈေးသွားတယ်...ဘာယူမလို့လည်း အစ်မ.."
"ထမင်းဘူးလေးတွေလေ..ဟိုတစ်ခါတွေ့လိုက်လို့.."
"သြော်...ကော်ဖီ ကုမ္ပဏီက ထုတ်တာလေ..တစ်ခု တစ်ထောင် ပဲရှိတယ် အစ်မရဲ့...ကျန်သေးတယ်.."
"တော်သေးတာပေါ့...တစ်ဘူးလောက်ပေးနော်.."
ထမင်းဘူး ခပ်ပြားပြားလေး သုံးလေးခုထဲက ကြံဖန်ပြီး အရောင်ရွေးနေရသည်..။
ပန်းရောင်ဆိုရင် သူရဲကောင်းက ကိုင်မှာမဟုတ်ဘူး...။
အနီရောင်ကျတော့လည်း အဆင်မပြေပြန်...။
أنت تقرأ
စွဲနေပြီ (Complete)
عشوائي"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...