စွဲနေပြီ
အပိုင်း (၁၁)
#စွဲနေပြီ
"ဟေ့ရောင်... မိုးဝေ..."
"ဗျာ..."
"လာစမ်း...ကားခရှင်းလိုက်.."
"ဟို.."
ဟိုနေတာ ကို နားမထောင်ပဲ ကိုယ် ရှိနေရမဲ့ နေရာကို သာ အပြေးအလွှား ၀င်ပြေးရတော့သည်..။
ပစ္စည်းချနေတဲ့ ကား အနားမှာ ကိုခေါင့် တပည့်တစ်ယောက်ရောက်နေတော့ မျက်ခုံးတွန့်သွားသည်..။
"မင်း ဘာလာလုပ်တာလည်း.."
"အန်ကယ် က ဒီအလုပ်ရုံမှာ တာဝန်ယူဖို့ လွတ်လိုက်လို့ပါ..."
"ဘာ..."
နောင့် ကို ခေါင်းညိတ်ပြပြီး ကားပေါ် ပစ္စည်းတင်တာတွေကို ကွေ့ပတ်ကြည့်ခါ နေရာချဖို့ ညွန်ကြားနေသည်...။
"ဟေ့ကောင် ငဝေ လာစမ်း.."
နောင့် အသံက လုံခြုံနေတဲ့ ပေ ၁၀၀×၂၀၀ အကျယ်ရှိတဲ့ ဂိုဒေါင်ထဲမှာ ဟိန်းထွက်သွားတော့ ပစ္စည်း တင်ချ နေတဲ့ အလုပ်သမားတွေပါ လှည့်ကြည့်လာသည်..။
ဒီဂိုဒေါင်က နောင်ပိုင်တာ...ဒီလုပ်ငန်းက နောင့် ကိုယ်ပိုင်လုပ်ငန်း..။
ကိုခေါင်က ဘာကိစ္စ ၀င်ပတ်သက်နေတာလည်း..။
မေးခွန်းတွေရဲ့ နောက်မှာ ဒေါသကပ်ပါလာတော့ မိုးဝေ အနားကို ရောက်မလာခင် ကိုယ်တိုင်ပဲ အပြင်ထွက်လာခဲ့လိုက်သည်..။
"ကိုနောင်.."
"ကိုခေါင့် တပည့်တွေ ဘာလိုဖြစ်ပြီး ငါ့ဂိုဒေါင် ရောက်လာတာလည်း.."
"ဟို...ဟို....အန်ကယ် လွှတ်လိုက်တာပါ.."
"ဘာ..."
VOUS LISEZ
စွဲနေပြီ (Complete)
Aléatoire"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...