Part 17

1.5K 132 9
                                    


စွဲနေပြီ

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

စွဲနေပြီ

အပိုင်း (၁၇)

#စွဲနေပြီ

"ဘာတွေလည်း..လတ်လတ်ရဲ့.."

"အုန်းနို့ခေါက်ဆွဲ ချက်နေတာ မမိုးရေ....စားလို့ရတော့မယ်..ပြီးရင် ဆင်းလာနော်..."

"၀ါး...မိုးတောင် မလင်းသေးဘူး....မလတ် အော်ဟစ်နေတာ..ကျစ်.."

နောင် အိပ်ယာထဲက သမ်းဝေရင်း ထွက်လာတော့ မလတ်က မီးဖိုပေါ် အိုးအသစ် တင်ပြီး ဘာတွေ ချက်နေလည်း မသိ...။

"မလတ်..ဘာတွေလည်း.."

"အုန်းနို့ခေါက်ဆွဲလေ..နောင်ရဲ့.."

"ဟာ...စောကြီးပဲရှိသေးတယ်..."

"အင်း...အချိန်မှီအောင်ပါ...လာ အတော်ပဲ နည်းနည်း မြည်းပါဦး.."

နောင် ဆံပင်တွေကို သပ်တင်လိုက်ပြီး မလတ် လှမ်းပေးတဲ့ ဇွန်းကို မျက်နှာ မသစ် သွားမတိုက်ပဲ မြည်းကြည့်သည်.။

"ဘယ်လိုလည်း.."

"ကြက်သားလိုနေတယ်.."

"ကောင်စုတ်လေး..ကောင်းကောင်းပြော.."

"အားလုံး အတော်ပဲ...ကောင်းတယ်.."

"တော်သေးတာပေါ့..ရမ်းချက်ရတာလေ.."

"အိုး အသစ်တွေ ဘာတွေနဲ့ အုန်းနို့ခေါက်ဆွဲ အများကြီး ချက်ပြီး မလတ် ဘာလုပ်မလို့လည်း.."

"လစာထုတ်လာတာလေ....မနေ့က လစာရကတည်းက စိတ်ကူးထားတာ..အုန်းနို့ခေါက်ဆွဲချက်ပြီး မိသားစုကို ကျွေးချင်တယ်.."

"ဟင်.."

"ဒေါ်လေးပုရယ်၊ မမိုး၊ မအေးမိ တို့လေ...တို့တွေရဲ့ မိသားစုမဟုတ်ဘူးလား.."

စွဲနေပြီ (Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ