စွဲနေပြီ
အပိုင်း (၃၄)
#စွဲနေပြီ
"တင်တောင်...တင်တောင်..."
လူခေါ် ခေါင်းလောင်းသံကြားရတော့ လတ် အိမ်မက်လိုလို ထင်မိသေးသည်..။
"ဟေ့..ဘယ်သူမှ မရှိကြဘူးလား.."
မမေရီ အသံကို စူးခနဲ့ ကြားလိုက်ရတော့ လတ် ဆိုဖာမှာ လဲနေရင်းက ဆတ်ခနဲ ထထိုင်ပြီး အိမ်ရှေ့ကို ထပြေးခဲ့ရသည်..။
"ဟင်..တကယ်ပဲ.."
လတ် ခြံတံခါးဆီ ပြေးသွားပြီး တံခါး ဖွင့်ပြေးလိုက်တော့ သံတံခါးကို ဆောင့်တွန်းပြီး ဖွင့်ဝင်လာသည်...။
"ဘယ်လို ဖြစ်တာလည်း..ဘဲလ် ဒီလောက် တီးနေတာ မကြားဘူးလား..လမ်းမကတောင် ပြန်ကြားနေတယ်.."
အိမ်ရှေ့ခန်းက ပြတင်းပေါက် ဖြူဖြူလေးမှာ ချိတ်ထားတဲ့ ပန်းနွယ် အလှလေးကို ဆွဲဖြုတ်ရင်း မေးတော့ လတ် မှာ နှုတ်ဆွံနေရသည်..။
ပြတင်းပေါက် အဖြူလေးတွေကို ချစ်လွန်းလို့ ကိုရီးယားရှပ်ရှင် ထဲက အတိုင်း အပြင် တံခါး အောက်ဘက်မှာ ပန်းအိုးလေး ချိတ်ထားမိတာ...ခုတော့..ဟူး...။
"ဟဲ့..."
"ရှင်.."
"သြော်...ဟို...လတ် အိပ်ပျော်နေလို့ပါ..."
"ဒီ အချိန်ကြီး အိပ်စရာလား..နေပါဦး..နေရောကောင်းရဲ့လား..မျက်နှာကလည်း ဖြုဖတ်နေတယ်...ချွေးတွေလည်း ထွက်လို့.."
"ဟို..ဟို...လတ် ဗိုက်အောင့်နေလို့..."
"ဟမ်..ဗိုက်ကြီးတာလား.."
"အဲ..ဟုတ်ပါဘူး...မမေရီကလည်း..အဲလို မဟုတ်ပါဘူး.."
မမေရီက မျက်လုံးပြူးပြီး ဆောင့်အော်မေးတော့ လတ်ရှက်လို့ ပျာပျာသလဲ ငြင်းလိုက်မှ မျက်ခုံးတွန့်၍ တစ်ကိုယ်လုံးကို ကြည့်ခါ...
YOU ARE READING
စွဲနေပြီ (Complete)
Random"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...