![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra. စွဲနေပြီ
အပိုင်း (၁၄)
#စွဲနေပြီ
"နောင်...ငါသွားပြီ..."
"အမ်း.."
မလတ် ထွက်သွားတော့မှ ခြင်ထောင်ထဲက ထွက်ပြီး ဟင်းအိုးကို ပြေးကြည့်လိုက်တာ ချက်ထားတဲ့ဟင်းက ငါး..။
ကျစ်...ငါး မစားချင်ပါဘူးဆိုကာမှ...ဟူး..။
မနက် ခြောက်နာရီ အရောက်သွားရတာမို့ မိုးမလင်းခင်ကတည်းက ထချက်ပေးခဲ့တာ ကျေးဇူးတင်ပါသည်..။
သို့သော် ကျေးဇူး ရာနှုန်းပြည့်တော့ မဟုတ်...။
မသိရင် ကိုယ့်ကို ကြည့်မရလို့ ငါးချည်း လိမ့်ချက်နေသလိုပင်..။
"ဟေး..ဟေး...သွားပလား.."
ကိုအောင်ဦးက ဘယ်တုန်းကတည်းက ချောင်းနေမှန်းမသိ မလတ်သွားတာနဲ့ အခန်းကူးလာပြီ..။
ခါးကြားက ပုလင်းအပြားကို ထုတ်ချပြီး ခါးပိုက်ထောင်ထဲက အမြည်းအိတ်ကိုပါ စေတနာ ထက်သန်စွာ ချကျွေးသည်..။
"ကိုအောင်ဦး တစ်ယောက်ပဲ ကောင်းတာ သလား.."
"မင်း မိန်းမလည်း ကောင်းပါတယ်ကွာ.."
"ဟမ်.."
နောင့် အလိုမကျစွာ မျက်ခုံးတွန့်ပြီး ဟမ် လိုက်တော့ ကိုအောင်ဦးက လက်ခါရမ်းရင်း..
"ဒီလိုကွာ....မင်းမိန်းမလည်း မင်းကို သိတက်တယ်လို့ပြောတာလေ....မင်း အတွက် အစောကြီး မိုးမလင်းခင် ဈေးသွား...ပြီးတော့ ချက်ပြုတ်ပေးခဲ့တယ်မလား..ငါ ဆိုရင် ကြည့်လေ..အခုချိန်ထိ အမေ အဆူအပြောခံနေရတုန်းပဲ....မင်း ကောင်းတယ်..ကောင်လေး.. မင်းကောင်းတယ်..."
![](https://img.wattpad.com/cover/170320333-288-k689237.jpg)
ESTÁS LEYENDO
စွဲနေပြီ (Complete)
De Todo"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...