စွဲနေပြီ
အပိုင်း (၁၈)
#စွဲနေပြီ
"နောင်...မုန့်တွေ့စားပါလား..ရက်ကြာရင် မကောင်းဖြစ်သွားလိမ့်မယ်.."
"မစားချင်ပါဘူး....မသဒ္ဓါ ရေစာတွေ..."
"သဒ္ဓါလို့ ကျွေးနေတာပေါ့ဟယ်..မုန့်က အကောင်းစားတွေနော်...ငါ့ပိုက်ဆံနဲ့သာဆို နင့်ကို ၀ယ်ကျွေးနိုင်မှာ မဟုတ်ဘူးသိလား...ရတုန်းစားထား.."
ကိုကျော်ပေးသွားတဲ့ မုန့်တွေက များလွန်းလို့ ဒေါ်လေးပု နဲ့ မအေးမိတို့ ကို ခွဲဝေပေးလိုက်ပေမဲ့ အိတ်ကြီး တစ်အိတ်တောင် ကျန်နေသေးသည်..။
ကိုယ့်မှာ မတန်မဆ စည်းစိမ်ရပြန်တော့ မုန့်ထုတ်ကို ဥစ္စာစာင့်လို ဖြစ်နေပြီး ပုရွက်ဆိတ်တက်မှာ ကြောက်ရ ရက်ကျော်ပြီး စားမရရင်လို့ တွေးပူရဖြင့် မသက်သာ..။
ကိုယ်တော်လေးက စားပါဆိုကာမှ ထမင်းကြမ်းပဲပြုတ်ကြော်ကို ခံတွင်းလိုက်နေပြန်ပြီ..။
"ဒီကိတ်မုန့်က တီဗွီမှာ ခဏခဏ ကြော်ငြာတယ်လေ....စားကြည့်ပါလား.."
"မလတ်ဘာဖြစ်နေတာလည်း...စားချင်ရင် ကိုယ့်ဟာ့ကိုစားပါလား..."
ထမင်းကြော်ပန်းကန်ကို ဆောင့်အောင့်ချပြီး ရေပုလင်းဆွဲသောက်တော့ လတ် မျက်စောင်းထိုးမိသည်..။
"ဟဲ့..စားစေချင်လို့ စေတနာနဲ့ ကျွေးနေတာပေါ့.."
"မကျွေးနဲ့...အဆိပ်ကို သိသိနဲ့ မြိုမချဘူး.."
"ဘာ.."
"ဟုတ်တယ်လေ....ပိုးကြေးပန်းကြေးပေးတယ်ဆိုတာ တစ်ခုခု မျှော်လင့်ပြီးသားမို့လို့ ပေးထားပေါ့..."
YOU ARE READING
စွဲနေပြီ (Complete)
Random"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...