Part 28

1.6K 126 0
                                    


စွဲနေပြီ

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

စွဲနေပြီ

အပိုင်း (၂၈)

#စွဲနေပြီ

"ဘာဟင်းလည်း.."

"ငါး.."

"အိုး.."

မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ ထွက်သွားတော့ လတ် မသိချင်ယောင်ဆောင်ခါ ထမင်းဆီဆမ်း ပန်းကန်လေးကို ရှေ့စားပွဲမှာ ချပေးလိုက်သည်..။

တနင်္ဂနွေတောင် ကွန်ပျူတာ ခုံမှာ ထိုင်ရင်း အလုပ်များနေသူကြီးမို့ ထမင်းပန်းကန်ကို အိမ်ရှေ့ခန်း အထိ သယ်ချလာခဲ့ရသည်..။

သူ ငါးမစားတာ သူ့အမေ ပြောတော့မှ မယုံနိုင်ဖြစ်ခဲ့ရသည်..။

မကြိုက်တဲ့ ဟင်းဆိုလည်း ဘာလို့ မြိုသိပ်စားပြနေသေးလည်း နောင်ရယ်...။

လတ် ငါးကြော်လေးတွေကို နွှင်ပြီး လုံးခါ ထည့်ပေးလိုက်တော့ ပြုံးရင်း ဇွန်းဖြင့် ခပ်ခါ စားလိုက်သည်..။

ဟန်ဆောင်စားပြနေတဲ့ သူ့ကို ငေးကြည့်ရင်း တစ်ချိန် က ကောင်လေး တစ်ယောက် ပြန်ပေါ်လာသည်..။

"ငါးမစားဘူး.."လို့ သူ ငြင်းခဲ့ပေမဲ့ လတ် နွှင်ပေးလိုက်လို့ အားနားသဖြင့် စားခဲ့ရတာလေ...။

အခုချိန်ထိ အားနာနေတုန်းပဲလား...။

"အင်.."

နောင် အနားမှာ ရပ်ပြီး ငါးအရိုးနွှင်နေတဲ့ မလတ်ကို မော့ကြည့်လိုက်တော့ အကြည့်ချင်းဆုံသွားသည်..။

ပါးစပ်မအားလို့ မေးငေါ့လိုက်တော့ ခေါင်းရမ်း ပြီး နောင့် နဖူးကို ငုံ့ခါ နမ်းလိုက်ချိန် မျက်ခုံးပင့်သွားရသည်..။

"ချစ်ဖို့ကောင်းလို့ပါ.."

မလတ်ရဲ့ အပြောကြောင့် ပါးစပ်ထဲက ထမင်းတွေတောင် ချိုသွားသလို နောင် အရသာ ရှိရှိ ပြုံးလိုက်မိသည်..။

စွဲနေပြီ (Complete) Donde viven las historias. Descúbrelo ahora