ပြိုင်ဆိုင်မှုပြင်းတဲ့ကောင်လေး၂ယောက်ကို ပုံဖော်မှာမို့ ဒီficထဲကတချို့အခန်းတွေဟာ warning ပေးရတာတွေ ပါလာနိုင်ပါတယ်။
အခုလဲ ဇာတ်လမ်းကိုပိုအသက်ဝင်စေချင်တာမို့ အတတ်နိုင်ဆုံးစကားလုံးတွေရွေးသုံးပြီးရေးထားပါတယ်လို့
ဖတ်မကောင်းလဲ သည်းခံဖတ်ပေးကြပါ🙏🙏🙏🖤Theories of LOVE♥
♥Eros >Red♥
♥Eros ဆိုတာ ဘုရားသခင်ကပညတ်ခဲ့တဲ့ ချစ်ခြင်းတခုပဲ♥
♥အချစ်နတ်ဘုရားAphroditeရဲ့သားတော် ရမ္မက်ပြင်းထန်တဲ့အချစ်နဲ့ လိုအင်ဆန္ဒတွေရဲ့ နတ်ဘုရားဟာ Erosတဲ့♥
♥Eros ရဲ့ အခြားနာမည်တခုဟာ အချစ်မြှားနတ်မောင်Cupidဆိုရင် ဒီညရဲ့ပထမဆုံးမဟာဗျူဟာက ကျွန်တော်ကိုယ်တိုင်ပဲ ဖြစ်မှာပေါ့♥
♥ဘာဖြစ်လို့လဲဆိုတော့ Erosအတွက်သတ်မှတ်ထားတဲ့ အရောင်က Redမို့လို့ပဲ♥
♥ခင်ဗျားရဲ့အရိပ်ကို ပထမဆုံးမြှားတစင်းနဲ့အက်ကြောင်းရာထင်စေမှာမို့ လုံးဝအလျှော့မပေးကြေး♥
🖤♥🖤♥🖤♥
ကျွန်တော်အုပ်မိုးထားတဲ့ မျက်ဝန်းအရောင်လက်လက်တွေရဲ့အောက်က နီဆွေးပြတ်သားတဲ့နှုတ်ခမ်းကနေ စကားသံလေးတသံထွက်လာသည်။
♥အရင်ဆုံး အစားတခုခုတော့စားသင့်တယ်မထင်ဘူးလား ကျွန်တော်ဗိုက်ဆာနေပြီလေ. မနက်တည်းက ခုထိဘာမှမစားရသေးဘူး♥
🖤ဟက် ကြောက်နေတာလား🖤
♥တစုံတခုမှာမပျော်ဝင်ခင် အရင်ညွတ်နူးသင့်တယ်လို့မထင်ဘူးလား♥
🖤စိန်ခေါ်မှုကဒီလိုဆို ငါကလဲမငြင်းပါဘူး🖤
မင်္ဂလာဦးညကိုဖြတ်သန်းမည့် သတို့သား၂ယောက်၏အပြုံးတွေမှာ လျှို့ဝှက်နက်နဲမှုတွေပြည့်နေတာကတော့ အသေအချာပင်
🖤♥🖤♥🖤♥
ကြီးမားလှတဲ့အိမ်ကြီးရဲ့လသာဆောင်တနေရာမှာ အိမ်ကဝန်ထမ်းတွေသေချာပြင်ဆင်ပေးထားတဲ့ romanticဆန်ဆန် စားပွဲလေးတခု
အဲ့ဒီRomantic ဆန်ဆန်ညစာစားပွဲမှာ ကြည်နူးရိပ်ဆိုတာတွေတစက်မှဖုံးလွှမ်းမနေတဲ့ လူသား၂ဦးက စားဖို့သောက်ဖို့တခုသာ ပဓာနထုံးကိုနှလုံးမူပြီး ပတ်ဝန်းကျင်ကို အေးစက်မှုတွေလွှမ်းခြုံနေစေသည်။
YOU ARE READING
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး