🖤Theories of LOVE♥
💜Murex💜
💜လိပ်ပြာတမန်တော်💜
💜ခရမ်းရောင်အသွေးအသားရဲ့မူလမြစ်ဖျားခံရာ Goddess Venus ရဲ့ အချစ်သင်္ကေတ murex shell💜
💜ပင်လယ်ရဲ့အသွေးအသားတခုနဲ့တင် love spellတွေသုံးစရာမလိုတဲ့ထိ နှလုံးသားထဲစွဲထင်အောင်ရေးခြစ်ပေးမယ်💜
♥အချစ် အမုန်း မှန်သမျှ ကျွန်တော်ပဲစေညွှန်ပေးမှာမို့ ဆက်ပြီးရူးသွပ်ဖို့ပဲ သတ္တိလုံလောက်ပါစေ ခင်ဗျားရေ♥
🖤♥🖤♥
အဟောင်းဆိုင်ပစ္စည်းတွေချည်းပဲ စုရောင်းတဲ့ဈေးတန်းထဲမှာ လူတွေစည်ကားနေစရာအကြောင်းပြချက်များများစားစားမရှိ။
အိုမင်းဟောင်းနွမ်းနေတဲ့တန်ဖိုးတခုကို ရှုမြင်တတ်တဲ့ သစ်လွင်တဲ့နှလုံးသားရှိသူတွေသာ ဒီလိုနေရာကိုခြေချဖို့ ဝန်မလေးကြမှာပါ။
ထိုများများစားစားမရှိသောလူတွေထဲမှာ အနက်ရောင်မျက်နှာဖုံးနဲ့ ကျောပိုးအိတ်တလုံးလွယ်ထားသော ကောင်လေးတယောက်ကတော့ ထူးထူးဆန်းဆန်းတစုံတရာကို ရှာဖွေနေဟန် ရှိသည်။
ဆိုင်တဆိုင်ရှေ့အရောက်ထူးထူးခြားခြားပုံစံရှိသော ခရုခွံကမာခွံတွေ ချခင်းပြထားတာတွေ့မိတော့ ကောင်လေးရဲ့ခြေလှမ်းတွေကဆိုင်ရှေ့ရပ်တန့်လျက် အာရုံကတနေရာတည်းမှာ ကျရောက်သွားသည်။
သာမန်ခရုခွံနဲ့မတူခြားနားစွာ ဆူးချောင်းတွေဖြာထွက်နေတဲ့ခရုခွံလေး
မောင်ရင်က ဒီခရုခွံလေးကိုစိတ်ဝင်စားနေတာလား
အဲ့ခရုကို murexလို့ခေါ်တယ်ကွဲ့။
ဂရိဒဏ္ဍာရီထဲကအချစ်နတ်ဘုရားမVenusက အချစ်အတွက်love spellတွေရေရွတ်တဲ့နေရာမှာ ခရုနဲ့ပြုလုပ်ထားတဲ့ အဆင်တန်ဆာတွေဆင်မြန်းလေ့ရှိတယ်လို့ အဆိုရှိတယ်ကွဲ့။
Murexကပုံစံပေါင်းစုံရှိပေမဲ့ ဒီmurexကိုတော့ Venus comb murexလို့ခေါ်တယ်ကွဲ့။
သူ့မှာပါတဲ့ ဆူးချောင်းပုံစံက ဘီးနဲ့ခပ်ဆင်ဆင်တူနေတာမို့လို့ထင်ပါရဲ့။
ဆိုင်ရှင်အဖိုးကြီးရှင်းပြလို့အဆုံးမှာ လိပ်ပြာတောင်ပံတချက်ခတ်လိုက်ခြင်းကို ကောင်လေးမှအပ မည်သူမှသတိမထားမိလိုက်ပါ။
BẠN ĐANG ĐỌC
🖤Theories of LOVE♥(Completed)
Lãng mạnအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး