🖤Theories of LOVE♥
♥ပေးဆပ်ခြင်း♥
အပြစ်မမြင်သော ချစ်ခြင်းတရားအတွက် တစုံတရာပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့သောအခါ.......
မယုံကြည်ပေးမှုတွေနဲ့ ကြေကွဲပျက်စီးစေခဲ့သော အခိုက်အတန့်တွေအတွက် ပေးဆပ်ခြင်းတခုကသာလျှင် ဒီအချစ်ကို လိပ်ပြာသန့်စွာ ရှင်သန်စေနိုင်လိမ့်မယ် ချစ်သူ.....
🖤♥🖤♥
ရင်ခွင်ထဲမှာ စိတ်ထိခိုက်စွာတောင်းပန်ရင်း သတိလစ်သွားတဲ့ကလေးကို ကြည့်ရင်း ကမ္ဘာပျက်သလို ခံစားရသည်.....
သူ့မျက်ရည်တွေကို ကျွန်တော်အရမ်းမုန်းတယ်......
သူမျက်ရည်ကျရတာက ကိုယ်နဲ့အဓိကပတ်သတ်နေတာမို့ ကိုယ့်ဟာကိုယ်ပိုတောင်မုန်းမိပြီ.....
နာကျင်စွာ တောင်းပန်တိုးလျှိုးနေခဲ့တဲ့မျက်နှာလေးက ခုတော့ ဖြူဖျော့ငြိမ်သက်လို့......
"Perth N'Saint ဘာဖြစ်သွားတာလဲ"
🖤ငါ ခုချက်ချင်းအိမ်ပြန်မှဖြစ်မယ် Nick...
ပြောပြောဆိုဆိုနဲ့ babyကိုပွေ့ချီရင်း မတ်တပ်ရပ်လိုက်တော့.....
"Coral ကို ငါဘယ်လိုလုပ်ရမလဲ"
🖤မင်းဟာမင်း ကြိုက်သလိုသာလုပ် ....
ယုတ်မာတဲ့မိန်းမက babyရိုက်ချက်တချက်နဲ့တင် ပုံလဲ ပြီး သတိလစ်သွားခဲ့တာလေ.....
ပြောပြီးတာနဲ့ ကမန်းကတန်းbabyကိုကားပေါ်တင်ရင်း အိမ်သို့မောင်းထွက်လာခဲ့သည်......
ကားမောင်းနေတုံး P'Chen ကိုဖုန်းဆက်ပြီး အိမ်ကဆရာဝန်ကို အဆင်သင့်ခေါ်ထားပေးဖို့ လှမ်းပြောရသည်........
သတိလစ်နေဆဲဖြစ်တဲ့babyလက်တဖက်ကို တလမ်းလုံးဆုပ်ကိုင်ရင်း ရင်ထဲက တဖွဖွပြောနေမိသည်က......
🖤မတောင်းပန်နဲ့ baby..... နာကျင်စရာတွေ မြစ်ဖျားခံရာက ကိုကိုမို့လို့....
🖤♥🖤♥
အိမ်ရောက်သည်နဲ့ babyကို ဆရာဝန်လက်ထဲအပ်လိုက်ပြီး အရေးတကြီးဖုန်းဝင်လာတာမို့ အခန်းပြင်ထွက်ခဲ့လိုက်သည်....
VOCÊ ESTÁ LENDO
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး