ဒီည အပိုင်းလေးအတွက် Christina Perri ရဲ့ A Thousand Years ဆိုတဲ့သီချင်းလေး မရှိမဖြစ်လိုအပ်ပါတယ်လို့ 😁
🖤Theories of LOVE♥
🖤A Thousand Years♥
နှလုံးသားကိုသက်သေတည်၍ သစ္စာပြုပါမည်......
နှစ်ပေါင်းထောင်ချီထက်ပို၍ ချစ်နေပါမည်လို့.......
🖤♥🖤♥
အချင်းချင်းပွေ့ဖက်ထားကြတဲ့လက်တွေက တစထက်တစပိုပြီးတင်းကြပ်လာတာက သိပ်သည်းနက်ရှိုင်းသော အနမ်းတခုကြောင့်ဖြစ်သည်......
ဒူးထောက်လျက်သား ပွေ့ဖက်လျက်သားနဲ့ အနမ်းတခုကိုပုံဖော်အပြီးမှာတော့ အပြုံးကိုယ်စီနဲ့ကြည်နူးနေကြသည့် ကောင်လေး၂ဦး......
မျက်ရည်စတွေအပြန်အလှန်သုတ်ပေးအပြီးမှာတော့.....
🖤ကဲ baby ၈နာရီထိုးတော့မယ် လေဆိပ်မသွားခင် babyအစားတခုခုစားရမယ် လာ.....အိမ်ထဲ သွားကြမယ်.....
♥ဟင် လေဆိပ်????? ဘာလို့လဲ ကိုကို ဘယ်သွားမလို့လဲဟင်......
🖤baby မွေးနေ့ကို bora bora မှာဖြတ်သန်းစေချင်လို့ ကိုကိုအစောကြီးတည်းကပြင်ဆင်ထားတာလေ.....
အခု လက်ထပ်ခွင့်ပါလက်ခံလိုက်ပြီဆိုတော့.....
နှလုံးသားထဲထိဖောက်ထွင်းနိုင်တဲ့ ကျွန်တော့်အကြည့်တွေကြောင့် babyရှက်သွားတယ်ထင်ပါရဲ့.....
ခေါင်းလေးငုံ့ပြီး ပြုံးနေလေရဲ့.....
"အဟမ်း အဟမ်း......လေဆိပ်ဆင်းရဦးမှာ ဟေ့ကောင်တွေရေ. အနမ်းတွေနောက်မှထပ်ဆက်တော့နော်...."
Nick အသံကြားမှလှည့်ကြည့်လိုက်တော့ ရပ်ကြည့်နေကြတာက Labyrinth garden တခုလုံးအပြည့် အိမ်ကလူတွေ....
♥အိ......ရှက်လိုက်တာ....လူတွေအများကြီးပဲ......
ငုံ့နေသောခေါင်းကပြန်ကိုဖော်မလာတော့ အလိုက်သိစွာပဲ ရင်ခွင်ထဲဆွဲယူရင်း ကာကွယ်ပေးထားမိသည်....
🖤သွားကြတော့ သွား......ငါ့ babyရှက်နေပြီ......
"အံမယ် တညလုံးဒါတွေဝိုင်းပြင်ဆင်ပေးရတဲ့မျက်နှာကိုမထောက်တော့ဘူးပေါ့ "
BINABASA MO ANG
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး