🖤Theories of LOVE♥
♥နှလုံးသားတွေကို သံသရာဆုံးထိသက်တမ်းတိုးကြရအောင်♥
🖤♥🖤♥
No POV....
၂ပတ်ကျော်ကျော် ၃ပတ်လောက်အတွင်းမှာ ကျွန်တော် တစုံတရာထဲမသိမသာပျော်ဝင်လာခဲ့မိပြီ။
အပတ်တိုင်းMask partyသွားရင်း Sanနဲ့ ဂိမ်းတွေဆော့ စကားတွေပြောနဲ့ လူလဲအရင်ကထက်နေရထိုင်ရပိုသက်တောင့်သက်သာဖြစ်လာသလိုပါပဲ။
ဒီညလဲ သွားရဦးမယ်....
မဖြစ်မနေ သွားရမဲ့အကြောင်းအရာတခုက ဒီညpartyက youth zoneသီးသန့်မဟုတ်ဘဲ အရင်memberဟောင်းတွေနဲ့ပါရောပြီးလုပ်မဲ့ Big partyဆိုတော့ အဆင်သင့်ရင် ကိုကိုနဲ့တောင်တွေ့ရနိုင်သည်။
ကိုကိုလာရင် ယုန်ကလေးပါပါလာနိုင်တာပဲလေ။
ခုရက်ပိုင်းတပတ်လောက်သူကျောင်းပျက်နေတော့ နေရတာ ဟာတာတာနဲ့ လွမ်းလဲလွမ်းသည်။
သူ့အိမ်သွားတွေ့ဖို့ကျတော့လဲ အန်ကယ်တို့တွေရှိနေတာမို့ သိပ်အဆင်မပြေ
သူ့ကိုတွေ့တာနဲ့ အနားကမခွာဘဲ စချင်နောက်ချင်နေတာဆိုတော့ လူကြီးတွေရှေ့မှာအဆင်ပြေမှာမဟုတ်တော့ သွားမတွေ့ဖြစ်တာပါ
လွမ်းတယ်ကွာ အချစ်ဆိုတာ ပြောစရာမလိုပဲ မင်းမြင်နိုင်မယ်ဆိုရင်ဘယ်လောက်ကောင်းမလဲ
ဒါပေမဲ့ ကံကောင်းနေတာတခုက ကိုကို့ကိုချစ်တယ်လို့ သူတရားဝင်မပြောရသေးဘူးဆိုတာ ကိုကို့ဆီကနေသိထားရလို့ စိတ်က ခံသာနေတာပါ
အသွားပဲရှိပြီး အပြန် ရှိမရှိ မသေချာတဲ့အချစ်တွေကိုစိတ်လိုလက်ရပျိုးထောင်မိနေတဲ့ ကျွန်တော့်လိုလူတွေ လောကမှာ ဘယ်နှစ်ယောက်တောင်ရှိနေကြသလဲလေ.......
🖤♥🖤♥
🖤Baby ဒီည ကိုကို Mask partyသွားမို့ အာ့ လိပ်ပြာလေးရော လိုက်ခဲ့ဦးမလား🖤
♥မလိုက်ချင်ပါဘူး ကိုယ့်ဟာကိုယ်သာ သွားစမ်းပါ♥
🖤အဲ့ခရမ်းရောင်လိပ်ပြာလေးကို တခါတလေ လွမ်းမိတယ်ကွ မျက်တောင်တချက်ခတ်လိုက်ရင်ကို ရင်တွေခုန်လာတာအရမ်းပဲ🖤
ESTÁS LEYENDO
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး