🖤Theories of LOVE♥
🖤Secret Project♥
🍷Day - 6🍷
April - 14
ရောနှောပေါင်းစပ်ခြင်းတွေအားလုံးထဲမှာ နှလုံးသား၂ခုပေါင်းစပ်ခြင်းက အလှပဆုံးပါပဲ.....
နူးညံ့စွာကျရှုံးခြင်းဆိုတဲ့ အချစ်ဆိုတဲ့ဝေါဟာရကို မွေးထုတ်ပေးနိုင်တာက ထပ်တူကျနေတဲ့နှလုံးသားပေါင်းစပ်ခြင်းကြောင့်ပဲ မဟုတ်လား....
🖤♥🖤♥
ဖန်ခွက်ထဲက ကြက်သွေးရင့်ရောင် ဝိုင်တကို ငေးစိုက်ကြည့်ရင်း တွေတွေလေးငေးနေမိတာ ဘာလို့ပါလိမ့်.....
အနက်နဲ့အနီလှပစွာရောစပ်ခြင်းကြောင့် ဖြာကျလာတဲ့အရောင်က နီဆွေးဆွေးထဲ လေးနက်ခြင်းတွေပေါင်းစပ်ပျော်ဝင်နေတာလား.....
ဝိုင်ခွက်ဘေးမှာတော့ ပွစာကျဲနေတဲ့ crayonတွေနဲ့စာရွက်ဖြူလေးတရွက်.....
စာရွက်ပေါ်မှာတော့ အရောင်ပေါင်းစုံရေးခြစ်ရောစပ်ထားတာ ကြောင်ကုတ်ထားတဲ့အလား......
ဝိုင်ခွက်ကိုကြည့်ရင်း စိတ်ကူးပေါ်လာတဲ့အတိုင်း အနီနဲ့အနက်ရောလိုက်တော့ ဝိုင်ခွက်ထဲက ကြက်သွေးရောင်နဲ့နီးစပ်တဲ့
အရောင်လေးတခုပေါ်လာတော့ အပြုံးတွေကရေးရေးထင်လာပြီ.....♥ဟုတ်ပြီ....ငါရှာနေတာ ဒီအရောင်ပဲ♥
ဝိုင်ခွက်ကို လှပကျနစွာကိုင်ပြီး ဂုဏ်သရေရှိအမျိုးသားတယောက်ရဲ့ စတိုင်အပြည့်နဲ့ ခမ်းနားစွာတငုံမော့သောက်လိုက်ချိန်မှာပဲ......
"မိုးမလင်းသေးဘူး ပြဇာတ်ကနေတာလား ဟေ့ကောင်"
ဖြီး.........
ရုတ်တရက်ဘေးနားက ထွက်လာတဲ့အသံကြီးကြောင့် ပါးစပ်ထဲကဝိုင်တွေထွေးထုတ်လိုက်မိသည်အထိကို ထိတ်လန့်သွားခဲ့ရတာပါ.....
"အံမယ် ခုနက ဝိုင်သောက်နေတဲ့ရုပ်က ကိန်းကြီးခမ်းကြီးပုံနဲ့ ဘာလို့ထွေးထုတ်တာတုံး"
♥ဖေဖေကလဲဗျာ အသံလေးဘာလေးမပေးတော့ သားက လန့်သွားတာပေါ့♥
"ခုမှ မနက်၎နာရီပဲရှိသေးတယ် မင်းဘာဖြစ်နေတာလဲ ငါ့ပြောဦး ဝိုင်သောက်ပြီးပုံဆွဲနေရအောင်လဲ မင်းအရွယ်မင်းပြန်ကြည့်ဦး"
VOUS LISEZ
🖤Theories of LOVE♥(Completed)
Roman d'amourအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး