🖤Theories of LOVE♥
🖤Angry Love Bird-2♥
🖤အရာရာဟာ ထပ်တူကျချင်မှကျမယ် ဒါပေမဲ့ မတူတာလေးတွေလိုက်အနားသတ်ညှိရင်း ဒီသံသရာကိုဖြတ်လျှောက်ရတာက အဓိပ္ပာယ် ရှိတဲ့ ဘဝပဲ......
♥စိတ်ဆိုးနေတုံးလုပ်မိသမျှအရွဲ့တိုက်ခြင်းဟာ ခင်ဗျားနှလုံးသားထဲသွားတဲ့လမ်းဖြောင့်တခုလိုပဲတဲ့လား.........
🖤အချစ်မှာ အကွေ့အကောက်တွေ ကင်းပါတယ်လေ♥
🖤♥🖤♥
အသေခံစွန့်စားခြင်းရဲ့ ရလဒ်ကြောင့် babyကိုညကဖက်အိပ်ခွင့်လေးတော့ရခဲ့ပါသည်။
မနက်မိုးလင်းတော့ ကလေးဆိုးလေးမျက်နှာကြည့်ရင်းနိုးထချိန်မှာ အိပ်မက်လားဟုပင်ပြန်တွေးမိသေးသည်။
ရင်ခွင်ထဲခေါင်းလေးတိုးပြီးအိပ်နေတဲ့ကွေးကွေးလေး ပုစွန်တုပ်ကလေးကျလို့....
🖤ဟေ့ babyလေး ထတော့ ကိုကိုတို့ဒီနေ့ လျှောက်လည်ကြမယ်လေ......
သူ့နားနားကပ်ကာတီးတိုးပြောရင်း သူ့တင်ပါးလုံးလုံးလေးကို ဖွဖွလေးပုတ်ကာ နှိုးမိတာကိုက မဟာအမှားပါ......
♥ရိုးရိုးတန်းတန်းမနှိုးဘူး အဲ့လက်ကအမြဲကျူးကျော်နေတာ နှာဘူးကောင်ရဲ့......
ဘယ်တုံးတည်းကနိုးနေတာကို မထဘဲအိပ်ချင်ဟန်ဆောင်နေလဲမသိ သူ့မက်မွန်သီးကိုထိကာမှ နားရွက်တဖက်ကိုဆတ်ကနဲဆွဲလိမ်လိုက်တာများ ပြတ်ထွက်မတတ်......
🖤အားးးး အ လွှတ်ပါ babyရယ် နာတယ်လို့ လိမ္မာတယ် လွှတ်နော်........
မနည်းတောင်းပန်မှလက်ကိုလွှတ်ပေးတော့သည်။
🖤babyဘယ်လိုလုပ်လုပ် ဘယ်လိုနေနေချစ်လိုက်တာကွာ ဘယ်လိုလုပ်ရမလဲဟင်........
သူ့ကိုယ်လုံးလေးကိုဆွဲပွေ့ပြီး သူ့ဆံပင်တွေကြားထဲကိုယ့်မျက်နှာအပ်ပြီးနမ်းမိတော့......
♥နမ်း နမ်း အကြာကြီးနမ်း ခေါင်းမလျှော်ထားတာ ခင်ဗျားပြင်သစ်သွားတဲ့နေ့တည်းကပဲ........
အူယားလွန်းလို့ ခွက်ထိုးခွက်လန်ကို အော်ရယ်ပစ်လိုက်တော့သည်။
YOU ARE READING
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး