🖤Theories of LOVE♥
💜Parallel Ego💜
💜ဆုံတွေ့ခြင်းမရှိသော မျဉ်းပြိုင်၂ကြောင်းကို လူ၂ယောက်ရဲ့အချစ်ဟုဆိုကြပါစို့
💜ထိတွေ့မှုကင်းမဲ့နေရင်တောင် လားရာတွေကတော့ အဆုံးအစမဲ့တူညီနေကြသေးတယ်မဟုတ်လား
💜အချစ်ကပေါက်ဖွားပေးလိုက်သော အတ္တမျဉ်းပြိုင်၂ကြောင်း၏ လားရာသည် နှလုံးသားဆီသာ ချိန်ရွယ်ဖို့ ဆုတောင်းမိပါသည်
🖤♥🖤♥
ဆတ်ကနဲလန့်နိုးလာလို့ နာရီကိုကြည့်လိုက်တော့ မနက်၃နာရီ.....
ညနေကပြန်ရောက်တည်းက ထိုင်သောက်ရင်း မှောက်ရက်အိပ်ပျော်သွားတာပဲ.....
အချိန်အကြာကြီးမှောက်အိပ်မိတာမို့ ဇက်တွေတောင်နာနေပြီ.....
ကိုယ့်ဂုတ်ကိုကိုင်ရင်းခါးဆန့်မိတော့မှ ဟိုကလေးကိုသတိရမိသည်
🖤baby အိပ်ပျော်နေလောက်ပြီထင်ပါတယ် ညစာရောထစားရဲ့လားမသိ....
ချက်ချင်းအခန်းထဲဝင်ကြည့်တော့ ညနေကပုံစံအတိုင်း ဖရိုဖရဲနဲ့အိပ်ရာပေါ်ကွေးကွေးလေးအိပ်ပျော်နေတာမြင်လိုက်ရတော့ ကိုယ့်ဟာကိုယ်သာ ထုရိုက်ပစ်ချင်စိတ်ပေါက်သည်။
ငိုပြီးအိပ်ပျော်ထားတယ်ထင်ပါရဲ့
မျက်ခွံလေးတွေမို့အစ်ပြီး မျက်နှာလေးတွေနှုတ်ခမ်းလေးတွေရဲလို့
လက်ကအနာကလဲသွေးစတွေတောင် ခြောက်လို့
🖤မင်းစောက်သုံးမကျလို့ babyဒဏ်ရာကိုတောင်ဂရုမစိုက်နိုင်တာလားကွာ
ကိုယ့်နဖူးကိုအားရပါးရတဖြန်းဖြန်းရိုက်ရင်း babyနားတိုးကပ်ကာ အသာလှုပ်နှိုးမိတော့
🖤ဟင် baby ကိုယ်တွေပူနေတယ်....
Babyထပါဦး baby.......
ရင်ခွင်ထဲဆွဲပွေ့ကာ စိုးရိမ်တကြီးလှုပ်နိုးတာတောင် နိုးမလာတဲ့ကလေးကြောင့် လူကပြူးပြာသွားရသည်။
အသားတွေကလဲမီးခဲလိုပူလို့ တညနေလုံးတညလုံး ဒီပုံစံနဲ့အိပ်ပျော်သွားလို့အအေးမိသွားတာပဲ ဖြစ်မည်။
VOCÊ ESTÁ LENDO
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး