🖤Theories of LOVE♥
❤Miss you❤
♥လွမ်းနေကြောင်း လမင်းကြီးကိုပြောတဲ့အခါ လမင်းကြီးကလဲ နေမင်းကြီးကိုလွမ်းတဲ့အကြောင်း ဖွင့်ဟတယ်......
♥ခင်ဗျားတဆိတ်တော့ အားနာသင့်တယ်ဗျာ ခင်ဗျားရဲ့အလင်းတွေက သူ့ရဲ့ချစ်ခြင်းတွေမဟုတ်ဘူးလား.........
♥ကျွန်တော့်မှာသာ အလွမ်းတွေနဲ့မှောင်မိုက်လို့.........
🖤♥🖤♥
အဝင်အထွက်ကင်းမဲ့သည့်ဖုန်းကိုကြည့်ရင်း မျက်ရည်တွေသာကျလာခဲ့သည်။
အရူးတယောက်လို သူ့ကိုလွမ်းနေရမယ်လို့ကိုယ်လုံးဝမမျှော်လင့်ခဲ့ဖူးပါ......
ဒီလောက်ထိကိုယ့်အပေါ်တင်းမာနိုင်လိမ့်မယ်လို့လဲထင်မထား......
စသွားတဲ့နေ့တည်းကဖုန်းတချက်မှမဆက် P'Chenနဲ့သာ အဆက်အသွယ်လုပ်နေတာတွေ့ရသည်။
အချစ်ကပူလောင်တယ်လို့ ဒါကြောင့်ပြောကြတာဖြစ်မည်။
တသက်နဲ့တကိုယ်ဘဝမှာ ပထမဆုံးအလွမ်းတိုက်ပွဲဆင်နွှဲဖူးခြင်းပင်.....
အသည်းတွေဆတ်ဆတ်ခါအောင်ကိုနာသည်။
မျက်ရည်တွေကgenderမခြားဘဲ နှလုံးသားရဲ့နာကျင်မှုကို သက်သေထူကြသည်။
အလွမ်းသည် ပတ်ဝန်းကျင်နဲ့စိတ်ဝိညာဉ်ကို ဖြတ်တောက်နိုင်စွမ်းရှိသော နတ်ဆိုးတပါးပင်........
♥လွမ်းရတဲ့နေ့တိုင်း မုန်းနေမှာလို့ ကျွန်တော်သေချာမှာလိုက်တယ်နော်......
မြန်မြန်ပြန်လာပါတော့........♥
ဒီလောက်ထိလုပ်ရက်တဲ့ပစ်ထားရက်တဲ့လူကို မုန်းတဲ့စိတ်နဲ့သေအောင်လွမ်းနေတာကိုက အဆိုးရွားဆုံးခံစားချက်ပင်......
ကျောင်းသွားလဲတယောက်တည်းငူငိုင်....
ဟိုကောင် Noက လာရန်စရင်တောင် ဘာမှတုံ့ပြန်နိုင်စွမ်းမရှိတော့သည်အထိ အလွမ်းဒဏ်ကို နာနာကျင်ကျင်ခံစားရသည်။
တညတည ဖုန်းကိုအကြိမ်ပေါင်းများစွာကိုင်လိုက်ချလိုက်နဲ့ သူ့ကိုဖုန်းဆက်ရကောင်းနိုး စာပို့ရကောင်းနိုးခံစားချက်တွေက အကြိမ်ပေါင်းများစွာ........
YOU ARE READING
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး