🖤Theories of LOVE♥
❤Message of comfort❤
သင့်ချစ်သူကို ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သင့်ကြောင့်ခံစားနာကျင်စေဖူးပါသလား.....
မျက်ရည်ကျစေခဲ့ဖူးပါသလား......
ခဏခဏနာကျင်စေမှုအတွက် သင်ကိုယ်တိုင်ရောထပ်ခါထပ်ခါအားနာစိတ်နဲ့ မဝံ့မရဲစိတ်တွေဖြစ်ဖူးပါသလား.......
ဆက်ကိုမဖတ်ရဲတော့တာပါ........
Babyဆီကဖုန်းလာပြီးတည်းက မအိပ်နိုင်တော့......
အရမ်းပျော်တဲ့စိတ်နဲ့ မဝံ့မရဲစိတ်ကြားမှာ လူကဗျာများနေပြီ......
ကျွန်တော်ဘာကြောင့်အဲ့လိုဖြစ်နေရသလဲခင်ဗျားတို့ သိလား......
🖤အတ္တတွေအရင်းခံပြီး သူ့ကိုနာကျင်စေခဲ့တာ မျက်ရည်ကျစေခဲ့တာ အခါပေါင်းများစွာလေ.......
ခုချိန်မှာသူ့ပါးစပ်ကချစ်ပါတယ်ပြောနေတာတောင်မှ အားနာစိတ်တွေနဲ့သူ့ကိုအရင်လိုအတ္တပြန်ကြီးမိမှာစိုးတဲ့စိတ်က အပြည့်အဝပျော်ခွင့်မပေးထားဘူးဗျ......
အိပ်မရလို့ ဖုန်းကိုင်googleထဲဝင် အချစ်နဲ့ပတ်သတ်တဲ့ဒဿနတွေ ဆောင်ပုဒ်လေးတွေဖတ်ရင်း ခုနကဆောင်းပါးတိုလေးတွေ့လို့ ဖတ်မိတာ အစပိုင်းနဲ့တင်ရှေ့ဆက်မဖတ်ရဲတော့ဘူး.......
ဆက်ဖတ်မိရင် ကျွန်တော့်ကြောင့် သူနာကျင်ခဲ့ရတာခံစားခဲ့ရတာကိုပဲ ပြန်သတိရနေမိမှာ......
အပိုတွေပြောနေတယ်လို့ထင်ရင်ထင်ကြမယ်......
အခုသူလွမ်းသလိုထပ်တူထပ်မျှမကအောင် အလူးအလဲခံစားနေရတာတောင်မှ
သူ့အပေါ်အားနာစိတ်က ရပ်တန့်မသွားသေးဘူး.......ဒီခံစားမှုဟာ သူ့အပေါ်လုပ်မိတဲ့အမှားတွေအတွက် လုံလောက်ပါပြီလို့ အရှက်မရှိတဲ့စိတ်နဲ့လွယ်လွယ်မတွေးရဲဘူးဗျ.....
ဘာလို့လဲသိလား.........
ကျွန်တော်သူ့ကိုချစ်တာ ကိုယ့်လက်တွဲဖော်ယောကျာ်းတယောက်အနေနဲ့သာမက ချစ်သူလိုညီလေးလိုသူငယ်ချင်းလို အရာရာဆိုတဲ့ပုံစံမျိုးနဲ့ချစ်တာလေ.......
စတွေ့တည်းက မကောင်းမိခဲ့တဲ့ကိုယ့်ဟာကိုယ်လဲနောင်တရတယ်......
YOU ARE READING
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး