🖤Theories of LOVE♥
💚Deception Vs Love♥
💚အနာခံမှ အသာစံရဆိုတဲ့လမ်းစဉ်မှာ လိမ်ညာမှုလေးနည်းနည်းထပ်ပေါင်းတော့ သိပ်လှတဲ့ deceptionလေးဖြစ်တာပေါ့💚
♥အချစ်ဆိုတာ မလိုသူတွေရဲ့ ဥပါယ်တံမျဉ်တွေကြားမှာ အလှပဆုံးပွင့်အန်ထွက်လာတတ်တာမျိုး♥
🖤မင်းကိုပဲကြည့်ပြီး မင်းကိုပဲချစ်နေတာမို့ အထိအခိုက်မှန်သမျှ ငါ့ဆီပဲသက်ရောက်ပါစေလေ🖤
🖤♥🖤♥
♥အရှိန်ပြင်းပြင်းမောင်းလာသော ကားရှေ့ကနေ တလက်မတောင်ရွေ့ဖို့ စိတ်ကူးမရှိတော့...♥
♥နာကျင်ခြင်းတွေက ရပ်တည်ရာနေရာမှာကျောက်ချထားသလိုလူကိုလေးလံနေစေတော့ မျက်စိစုံမှိတ်ရင်းပဲ ဖြစ်သမျှကိုခံယူလိုက်တော့မည်......♥
ထိုအချိန်မှာပဲ ဆောင့်တွန်းခံလိုက်ရပြီး လူလဲလမ်းဘေးကိုလွင့်စင်သွားသလို ဝုန်းခနဲအသံပါတပြိုင်တည်း ကြားလိုက်ရတော့သည်။
အံ့သြစရာကြီးပါ တကယ်မထင်မှတ်တာပါ ဒါပေမဲ့စိတ်ထဲကတော့ မသိုးမသန့်နဲ့
ကျွန်တော့်ကို တွန်းထုတ်ပြီးကားနဲ့အတိုက်ခံလိုက်ရတာ ဘယ်သူထင်လို့လဲ
ဟိုကောင်လေးပေါ့......
လူက အံ့သြစိတ်တွေနဲ့ ပြိုလဲရာနေရာကနေ တစက်တောင်မရွေ့နိုင်တော့......
အရှိန်ပြင်းပြင်းအတိုက်ခံလိုက်ရတာမို့ အတော်ဝေးဝေးကိုလွင့်ထွက်သွားခဲ့တာ.....
🖤N'..... N'No..... ညီလေး.....🖤
သူ့ကို ပြေးပွေ့ရင်း ပြာယာခတ်နေတဲ့ ဟိုလူ့ကိုမြင်တော့ ရင်ထဲကခံရခက် နာကျင်တာက ပိုပိုတိုးလာသည်။
♥စိတ်ထဲကစစ်မှန်ခြင်းကို ခံစားလို့မရတာက မြွေမြွေချင်းခြေမြင်တဲ့သဘောတရားမျိုးလား....♥
♥သူ ကျွန်တော့်ကို ကယ်လိုက်တာက ကျွန်တော့်လူဆီက ပိုပြီးအာရုံစိုက်ခံချင်လို့....... ဟုတ်တယ် ကျွန်တော့်လူ သူကကျွန်တော့်လူပဲ.....Perth က ကျွန်တော့်လူပဲ♥
ထပ်စဉ်းစားမနေတော့ဘဲ လဲကျနေရာကနေ သူတို့ဆီကုန်းရုန်းပြီးထပြေးမိတော့သည်။
ESTÁS LEYENDO
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး