🖤Theories of LOVE♥
❓qui est amor❓
❓Who is your love❓
♥ဟန်ဆောင်ခြင်းတွေအရေခြုံထားတဲ့ နှလုံးသား
တခုကို မေးချင်တယ်♥♥Hey!!! Who is your love?♥
🖤♥🖤♥
ဝိုင်ခွက်၂ခွက်ရှေ့မှာထိုင်နေသော လိပ်ပြာ၂ကောင်.....
ဆိတ်ငြိမ်နေသော်ငြား မျက်ဝန်းတွေကတော့ သိလိုစိတ်ပြင်းပြစွာ အကြည့်ချင်းဖလှယ်လို့....
တိတ်ဆိတ်မှုကိုစဖောက်ထွင်းလိုက်သူက အနက်ရောင်လိပ်ပြာမျက်နှာဖုံးနဲ့ကောင်လေး.....
No.... ထိုင်နေမဲ့အစား တယောက်နဲ့တယောက်မိတ်ဆက်တာက ပိုအကျိုးရှိမယ်ထင်တယ် ငါ့နာမည်က No ဒီကိုပထမဆုံးရောက်ဖူးတာ....
♥အင်း ငါ့နာမည်က Sanctus မင်းငါ့ကို Sanလို့ခေါ်လို့ရတယ် ငါလဲခုမှ ပထမဆုံးရောက်ဖူးတာပဲ♥
No....မင်း နာမည်က အဆန်းပဲ ကောင်းပြီလေ Sanဆိုတော့လဲ Sanပေါ့
ခုကစပြီး အပတ်တိုင်း ဒီpartyမှာ ဂိမ်းတွေဘာတွေဆော့တဲ့အခါpartnerအနေနဲ့ဆော့ရမှာဆိုတော့ ရင်းရင်းနှီးနှီးရှိတာပိုကောင်းပါတယ်။
♥အင်း ငါကတော့ ဒီကိုလာတာအဖြေတခုရှာဖို့ပဲ ဘယ်သူကပဲ ငါ့partnerဖြစ်လာလာ အဲ့လူဆီကနေ အချစ်နဲ့ပတ်သတ်တဲ့အတွေးတစုံတရာကို ငါလိုချင်လို့ပဲ♥
No.....ဟားဟား တကယ့်ကိုမင်းက ထူးဆန်းလွန်းတာပဲကွ မင်းသိချင်တာနဲ့ ငါနဲ့တော့အဆင်ပြေမယ်မထင်ဘူး
♥Why??......
No....... ခုလက်ရှိမှာ အဲ့အချစ်ဆိုတာ ငါ့အတွက်ကန့်သတ်ဇုန်ထဲရောက်နေလို့ပဲ
အချစ်ဆိုတာ ငါ့အတွက် ဘာကိုမှပေါ်ပေါ်ထင်ထင်ဖော်ပြခွင့်မရှိသေးတဲ့အရာပဲ
အဲ့တော့ အချစ်နဲ့ပတ်သတ်တဲ့ငါ့အတွေးက ဟန်ဆောင်ခြင်းဆိုတာကလွဲလို့ ငါဘာမှမသိဘူး......
♥ရူးတယ်ကွာ အချစ်ဆိုတာ သိုသိပ်နေဖို့မှမလိုတာပဲ ဘယ်လိုအခြေအနေဖြစ်ဖြစ် ချစ်ကြောင်းကို တနည်းနည်းနဲ့ဖော်ပြလို့ရတာပဲလေ♥
No.......မင်းဘဝမှာရော မင်းလူတယောက်ကိုချစ်ပါတယ်လို့ လွယ်လွယ်ပြောထွက်ခဲ့ဖူးလို့လား
YOU ARE READING
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး