🖤Theories of LOVE♥
💙Turquoise@Key for heart💙
💙မုန်တိုင်းထန်ပြီးကာစပျက်စီးကြေမွနေတဲ့နှလုံးသားထဲမှာ အကောင်းပကတိရှင်ကျန်နေခဲ့တာ ချစ်ခြင်းတရားဆိုရင်💙
💙နှလုံးသားတွေကို ချိတ်ဆက်ဖို့တံတားတခု💙
💙ပိတ်ဆို့ထားတဲ့ တံတိုင်းတွေကိုဖြိုချတွန်းလှန်နိုင်မဲ့စွမ်းအား💙
💙နှလုံးသားခြင်းစည်းမခြားစေဖို့ ထပ်တူကျစေမဲ့သော့တချောင်းလိုစကားလုံးတွေ💙
💙ပြဿနာတွေကြားထဲမှာတရွေ့ရွေ့လွန့်လူးသွားတော့မဲ့ ချစ်ခြင်းတရားကို ခုကစပြီးမြင်နိုင်ပါပြီ💙
🖤♥🖤♥
ကျွီ......
ကားဘရိတ်အုပ်သံ ကျယ်ကျယ်လောင်လောင်ကြောင့် နာကျင်လွင့်မျောနေသောစိတ်ကပစ္စုပ္ပန်သို့ပြန်ရောက်လာခဲ့သည်။
ခြေသံပြင်းပြင်းနဲ့ဝင်ရောက်လာကြတာကဖခင်၂ဦး
"ပြောစမ်းပါဦး အိမ်ကလူတွေဖုန်းဆက်ခေါ်မှပဲသိတော့တယ် ဟမ် မင်းတို့ဘယ်လောက်ထိပြဿနာတွေတက်နေကြတာလဲ"
ဖေဖေ့ရဲ့စိုးရိမ်တကြီးမေးသံတွေနဲ့ကျွန်တော့်ခေါင်းကို လာထိတွေ့တဲ့ လက်တစုံ
"Saint မင်းဆင်းခဲ့ဦး"
ဒေါသတကြီးအော်ခေါ်နေတဲ့ သူ့ဖေဖေကြောင့် အိမ်ပေါ်ကနေအပြေးအလွှားဆင်းလာရင်း သူ့အဖေရင်ခွင်ထဲတိုးဝင်လာတဲ့ကောင်လေး
"ဟင် သား ဘာဖြစ်တာလဲဟင်ဘာဖြစ်လို့လဲ"
♥သားကိုဒီကနေခေါ်သွားပေးပါ သားမနေချင်တော့ဘူး သူနဲ့အတူမနေချင်တော့ဘူး♥
ကလေးတယောက်လိုပင် ဝမ်းပန်းတနည်းငိုရှိုက်ကာပြောနေသောသူ့ကိုကြည့်ရင်း ကျွန်တော်ပါမျက်ရည်တွေကျလာသည်။
🖤ကျွန်တော့်အပြစ်ပါ ဖေဖေ Saintရဲ့wedding ringကို သား N'No ကိုပေးလိုက်မိလို့ပါ🖤
ဘာ..........
ဖခင်၂ဦးရဲ့အံ့သြတကြီးအာမေဋိတ်သံအဆုံးမှာ ကျွန်တော့်မျက်နှာထက်ရောက်လာတဲ့ ဖေဖေ့ရဲ့လက်သီးတချက်
YOU ARE READING
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး