🖤🖤ကျေးဇူးတင်လွှာ♥♥

2.2K 227 47
                                    

မနေ့ညက Reminderနှိပ်စက်လို့ကျေးဇူးတင်လွှာမရေးဖြစ်ခဲ့ပါဘူး😁
ခုမှရေးရမှာပါ..

Feb 16ကနေ Aprip 17အထိ TOL ရဲ့ ခေါ်ဆောင်ရာကိုလိုက်ပါပေးကြတဲ့ readerတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းပြောလိုပါတယ်။

TOL ဟာ သာသာ့ရဲ့ဒုတိယမြောက် PS ficပါ။

စာရေးနေစဉ်အတွင်းမှာ နေ့စဉ်ရက်ဆက်မပျက်upပေးနိုင်အောင်ထိတွန်းအားပေးခဲ့တဲ့ ခွန်အားပေးခဲ့တဲ့ထဲမှာ readerတို့ရဲ့ feedback နဲ့ စတားလေးတွေက ထိပ်ဆုံးကပါဝင်ခဲ့ပါတယ်။

သူပုန်လေးနဲ့မီးသွေးခဲကြီးကို သာသာနဲ့ထပ်တူထပ်မျှချစ်ပေးကြတယ်ဆိုတာကိုကြားရလို့တကယ်ကိုရေးရကျိုးအပင်ပန်းခံရကျိုးနပ်ခဲ့ပါတယ်။

မနေ့ညကနောက်ဆုံးအခန်းကိုဖတ်ပြီး မျက်ရည်ကျရပါတယ်လို့ cbကနေလာပြောတဲ့ အမတချို့ရှိပါတယ်။

ပြီးသွားပြီဆိုတဲ့ခံစားချက်နဲ့သာသာမွေးထုတ်ဖန်တီးခဲ့တဲ့ ကိုကိုနဲ့ babyကို ခွဲခွာရပြီဆိုတဲ့ခံစားချက်က သာသာနဲ့ထပ်တူကျနေတာမို့ ညကReminderတောင် အပြည့်အဝမပျော်ခဲ့ရပါဘူး။

အရယ်တဝက်အငိုတဝက်နဲ့ပါ။

တကယ်ကိုနေ့စဉ်ကိုယ်နဲ့ထပ်တူရှင်သန်နေတဲ့ကလေး၂ယောက်ကိုအပြီးအပိုင် TOLဆိုတဲ့နေရာလေးမှာ ထာဝရထားခဲ့ရတော့မယ်ဆိုတာကိုတွေးမိတိုင်းစိတ်မကောင်းပါဘူး။

သာသာ့ခံစားချက်ကိုပိုတယ်လို့ထင်ကောင်းထင်ကြပါလိမ့်မယ်။

ဒါပေမဲ့ သာသာကစာရေးတဲ့အခါတိုင်း သူတို့နေရာကနေစိတ်ကိုနှစ်ပြီးရေးခဲ့တာမို့သူတို့ဟာသာမန်ဇာတ်ကောင်ဆိုတာထက်ပိုတဲ့ ကလေးတွေပါ။

အဲ့တော့ သာသာ့မှာစာရေးတဲ့အခါအနည်းနဲ့အများဆိုသလိုစိတ်ပင်ပန်းခဲ့ရတဲ့အခါတွေရှိပါတယ်။

ရှိလာတိုင်းလဲ မတင်ပေးတော့ဘူးတို့ဘာတို့စိတ်ထဲကမပါပဲပြောမိတာတွေရှိတာကိုဝန်ခံပါတယ်။

ဘယ်လိုပဲ ခြိမ်းခြောက်ခြောက် သာသာ့ကိုစိတ်မပျက်ပဲနောက်ဆုံးချိန်ထိယုံကြည်စွာဖတ်ပေးကြတဲ့လူတယောက်ချင်းစီတင်မကပဲ silent readerတွေကိုပါ မမေ့နိုင်တဲ့အမှတ်တရအနေနဲ့အထူးကျေးဇူးတင်ပါတယ်လို့။

You've reached the end of published parts.

⏰ Last updated: Sep 02, 2021 ⏰

Add this story to your Library to get notified about new parts!

🖤Theories of LOVE♥(Completed)Where stories live. Discover now