🖤Theories of LOVE♥
💛Storge×Ludus💙
♥အချစ်ရဲ့ နိယာမက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား♥
♥မာနနဲ့ အတ္တရောယှက်မှုနဲ့ အချစ်ကြား မိုင်ဘယ်လောက် ကွာသလဲ♥
♥ချစ်တယ်ဆိုတဲ့စကားပြောမထွက်အောင် တံတိုင်းတွေဘယ်လောက်ထိခြားနားကြဦးမလဲဆိုတာကတော့.....♥
🖤♥🖤♥
နိုးလာသော မနက်ခင်းတွေမှာ ဒီမနက်က အမှုန်မှိုင်းဆုံးပဲ။
ညကစိတ်ကစဥ့်ကလျားနဲ့ ဟိုလူ့ရင်ခွင်ထဲ ဘယ်လိုအိပ်ပျော်သွားမှန်းမသိ..
ကိုယ်ဖန်တီးတဲ့ထောင်ချောက်ထဲ ကိုယ်လဲကျခဲ့တာက ဘဝမှာ ခုထိနေလာသမျှအခါးသီးဆုံးပဲ....
ကိုယ့်ကိုချစ်လာအောင် ပြုစားခဲ့တာကို သူကလှလှပပရုန်းထွက်သွားခဲ့တာ....
တကယ်ကိုလုံးဝလျှော့တွက်လို့မရတဲ့လူဆိုတာကိုတော့ ရင်ထဲကစွဲနေအောင် မှတ်ထားလိုက်ပြီ.....
သူ့အတ္တတွေကြားနစ်မြုပ်ပြီး သူ့ဘေးနားတသက်လုံးနေရမှာလားလို့ တွေးမိတိုင်း
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း မသိစိတ်ကအကြောက်တရားကို တွန်းလှန်မိသည်။သူကခုချိန်မှာ ကိုယ့်အတွက် Devil
အရိပ်တွေနဲ့လွှမ်းမိုးထားတဲ့ နတ်ဆိုး
အဲ့အရိပ်ကိုကိုယ့်အလင်းနဲ့ထိုးဖောက်ဖို့ နောက်ဆုံးချိန်ထိကြိုးစားဖို့ပဲ အခိုင်အမာဆုံးဖြတ်လိုက်မိတာက မွေးရာပါဗီဇ
မာနတွေအတ္တတွေပေါင်းစပ်ထားသော အရိပ်မည်းကြီးကို ထိုးဖောက်ဖို့ အလင်းရောင်ကတော့ ခုထိမှိန်ပြပြအဆင့်မှာသာ.....
🖤♥🖤♥
ဒီနေ့ တနင်္လာနေ့မို့ ကျောင်းသွားရဦးမည်။
ကျောင်uးniformလဲပြီး အခန်းထဲကထွက်မယ်လုပ်တော့ ကိုယ့်ရဲ့ လိပ်ပြာမျက်နှာဖုံးကိုမတွေ့တော့
တသီးတသန့်သေချာထားထားတဲ့နေရာမှာ ရှာမတွေ့တော့လို့ လူကပူထူသွားသည်။
ဟိုလူနဲ့သူက တယောက်နဲ့တယောက်တကုတင်တည်းသာ တူတူအိပ်ကြတာ ကျန်တဲ့နေရာမှာတော့ တသီးတသန့်သာ
YOU ARE READING
🖤Theories of LOVE♥(Completed)
Romanceအရောင်တွေနဲ့အချစ်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုရင်းဘယ်သူကဘယ်လိုလွှမ်းမိုးမလဲဆိုတာကို ပြိုင်ဆိုင်ကြမဲ့ လူသား၂ဦး