အပိုင်း - ၆: သူနဲ့ဝေးဝေးနေပါ

1.7K 261 30
                                    

သူ့ဘဝတွင် လူတစ်ယောက်မှ သူ့ကို လျစ်လျူရှုပလစ်ခြင်းကို တစ်ခါမှ ယခုလောက်မခံရဖူးခဲ့။ သူ၏ ချစ်ဖို့ကောင်းပြီးကြည့်ကောင်းသည့် ရုပ်သွင်အရ သူသည် ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ပြီး လူအများ၏ ချစ်ခြင်းကို ခံရသည့်သူ။

အထက်တန်းကျောင်းသားဘဝတွင်လည်း သူ့ထက်ချောမောသောသူတို့ ရှိသော်ငြား သူ့ စန်းအရသူသည် လူချစ်လူခင်ခံရကာ မိန်းကလေးများနှင့် အချို့သောယောကျာ်းလေးများ၏ ပါးစပ်ဖျားတွင် ရေပန်းစားသည့်သူ။ ဒါကို ဘာမဟုတ်သည့် ထို Third Year Head Hazer သည် သူ့ကို မသိချင်ယောင်ဆောင်သည်။ သူနှင့်ဝေးအောင်နေသည်။ သူက ဘာလုပ်မှာမို့လဲ သူ့ကို ကိုက်စားမှာမို့လား!

"မင်း မတော်သေးဘူးလားကွာ... တော်ကြာငါပါ P' Off နဲ့ ဝေးသွားဦးမယ်..."

ဂျယ်လီချောင်းကို စိတ်ဆိုးဆိုးကိုက်နေသည့် Krist ကိုကြည့်ပြီး Gun မျက်နှာငယ်လေးဖြင့်ပြောတော့ Krist ၏ စုထော်လာသည့် နှုတ်ခမ်းနှင့်အတူ မျက်စောင်းတစ်ချက်ကိုပါ Gun လက်ခံရရှိလိုက်ရှာသည်။

"မင်းကလည်း ကိုယ့်သူငယ်ချင်းအရင်းကြီးဘက်ကတော့မရှိတော့ အခုမှတွေ့တဲ့ မရေရာတဲ့ အချစ်သစ်ကြီးဘက်က ရှိနေတယ်..."

"အေး ငါ့ရဲ့ မရေရာတဲ့အချစ်သစ်ကြီးက ငါ့ကို မပလစ်ဘူး!"

ကက်ကက်လန်ပြန်ရန်တွေ့သည့် Gun ကြောင့် Krist တံတွေးသီးကာ Gun ကို ပေစောင်းစောင်းထပ်ကြည့်သည်။ ထိရှသွားရှာသည့် Krist ၏ မျက်နှာကိုကြည့်ပြီး Gun ခပ်တည်တည်ဂုဏ်ဆာသည့် မျက်နှာပေးကိုပြုပြီးမှ...

"မင်း အဲ့ဒီ P' Singto ကို လျစ်လျူရှုလိုက်စမ်းပါကွာ... နောက်ပြီး သူက မင်းကို တမင်ကြီး လျစ်လျူရှုတဲ့ ပုံစံလည်း မပေါက်ပါဘူး... အရင်က သူ မင်းကို မမှတ်မိဘူးဆိုလည်း အခုမှတ်မိတယ်မဟုတ်လား..."

ပြောလည်းပြော Krist ၏ အောက်သိုးသိုးမျက်နှာကိုလည်း Gun မှာကြည့်ရသေးသည်။

"ဟုတ်တယ်လေ... အခုဆို မင်းနှုတ်ဆက်ရင် သူ မင်းကို အင်း Nong Krist လို့ ပြန်နှုတ်တယ် မဟုတ်လား... တော်ပြီပေါ့... နောက်ပြီး မင်းက သူ့ကို ဘာလို့အရေးတယူတွေလုပ်နေတာလဲ..."

Unleash(fanfic)Where stories live. Discover now