အပိုင်း - ၁၈ : လူတွေရဲ့ထင်ကြေးတွေက စိတ်ရှုပ်ဖို့ကောင်းလွန်းတယ်

1.2K 244 10
                                    

"မင်းဘာတွေ တက်ကြွနေတာလဲ!"

ဖုန်းကိုကြည့်ပြီး ပြုံးဖြီးနေသည့် Krist ကို Gun မလိုတမာသံဖြင့် မေးတော့ Krist ရုပ်က အဖြီးမပျက်။

"ဒီမှာ... ဒီမှာ... ငါ ဒီ Audition ဝင်ပြိုင်မလို့လေ..."

"ဘယ် Audition..."

သူ့အမေးပင်မဆုံးလိုက်။ သူ့လက်ထဲထည့်ပေးလာသည့် ဖုန်းကို Gun ကြည့်၏။ BL Series တစ်ခု၏ Audition ခေါ်ကြေငြာ။

"ဒါက BL Series နော်..."

စာဖတ်လျှမ်းသည့် Krist တစ်ကောင် ပြီးမှ ဒုက္ခရောက်မည့်အရေးကိုတွေးပြီး သူပြောတော့ Krist ကငါ သိသားပဲဆိုသည့် အကြည့်တစ်ချက်ဖြင့် သူ့ကို တုံ့ပြန်ရင်း...

"အင်း သိတယ်... ငါ အဲ့နေရာရဲ့ Hazer နေရာကို ဝင်ပြိုင်မလို့..."

"သြော်..."

"ငါ သူ့ကို မေးရင်တော့ ရမှာပါနော်..."

Krist စကားကြောင့် Gun ဘယ်သူလဲဟု သူ့ဘာသာစဉ်းစားပြီး သူ့ဘာသာ သဘောပေါက်ကာ...

"အင်း မေးပေါ့... ဒါနဲ့ မင်းတို့က အခုနောက်ပိုင်းအဆင်ပြေနေသလိုပဲ..."

"ဘာကိုလဲ..."

"ဘာမှမဟုတ်တော့ပါဘူး..."

Krist ၏ နဝေတိမ်တောင်မေးခွန်းကို သူဘာမှမဟုတ်ဟုသာ တုံ့ပြန်လိုက်မိသည်။ P' Off ပြောသလို Krist က P' Singto ကို စိတ်ဝင်စားနေတာက ဟုတ်ရောဟုတ်ပါရဲ့လားဟု သူ တစ်ခါတစ်ရံတွင် သံသယဝင်လာတတ်သည်။ ဘာကြောင့်ဆို Krist က P' Singto ကို သူ့ကို ပုံမှန်ဆက်ဆံသလိုပဲ ဆက်ဆံတတ်တာမဟုတ်လား။

အမြဲတမ်း တစ်စုံတစ်ယောက်မှ သူ့ကို လိုအပ်နေချိန်တွင် ရှိနေပေးတတ်သည့် ကောင်လေးတစ်ယောက်ပုံစံဖြင့် Krist သည် အမြဲတမ်းရှိနေတတ်တာပဲကို။ ဒါကို ကြိုက်နေတယ်ဆိုပြီးများ သူတို့ အတင်းထင်မိနေတာလား။

"အာ ဟိုမှာ P' Singto... ငါ သွားမေးလိုက်ဦးမယ်..."

"အင်း..."

အရိပ်အရင်မြင်သည်နှင့် ထိုစီနီယာမှန်း တန်းသိသည့် Krist ကို အခြားသူတို့အထင်မှားသည်ကလည်း သူတို့အမှားတော့မဟုတ်။ ဘယ်သူမှတော့ ကိုယ်ချစ်နှစ်သက်သည့် သူ မဟုတ်ဘူးဆိုလျှင် ထိုသို့မရှိနေလောက်ဘူးလေ ဟုတ်တယ်မဟုတ်လား။

Unleash(fanfic)Hikayelerin yaşadığı yer. Şimdi keşfedin