ဘယ်လိုအရာမျိုးက သူ့ကိုပြောင်းလဲသွားစေလဲ သူ မသိ။ သူ သတိထားမိချိန်တွင် သူသည် Singto ဆိုသည့် ထိုစီနီယာအပေါ်တွင် ကောင်းစွာ မှီခိုတတ်နေပြီ။
"P' Sing... Kit ကို ဒါလေးကူရွှေ့ပေးဦး..."
အချိန်ကြာလာသည်နှင့်အမျှ သူ ထိုသူအနီးတွင် နေရသည်ကို အတော်လေးနေသားကျနေပြီ။
"အင်း... အပေါ်တင်ဖို့ကို P' လုပ်ပေးမယ်လေ..."
"ဟုတ်..."
ကိုယ်ပိုင်ကွန်ဒိုတစ်ခုရှိရန်က သူ့အိပ်မက်များထဲတစ်ခု။ သူ ထိုအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ။
"ဒါတွေအကုန်လုံးက နည်းတဲ့ပိုက်ဆံတွေလား..."
ပစ္စည်းများတစ်ခုချင်းထုတ်ရင်းမှ သူ စုဆောင်းထားသည့် Branded Collection များကိုကြည့်ပြီး Singto ခပ်ညည်းညည်းဆိုတော့ သူ Singto ကို အအေးဘူးတစ်ဘူးကမ်းပေးကာ...
"ခဏနားပါဦး ကျွန်တော်တို့ အေးအေးဆေးဆေး စီမှပြီးမှာကို..."
"အိမ်ကို ပထမဆုံးပြမယ်ဆိုပြီး မင်းက ငါ့ကို အလုပ်သမားခ လုပ်နေတာပဲ..."
"အဟ ကျွန်တော် နေ့လည်စာရော ညနေစာရော ကျွေးပါမယ်... ဒီ Nong လေးကို မလုပ်ပေးချင်ဘူးလား..."
"မင်းကလွဲပြီး ဘယ် Nong မှလည်း ငါ့ကိုအခုလိုမျိုး ခိုင်းရဲမှာမဟုတ်ဘူး..."
ပြောပြောဆိုဆိုဖြင့် ဆက်တီခုံတွင်ပစ်ထိုင်ချလိုက်သည့် Singto ဘေးသို့ သူ ဝင်ထိုင်ကာ သုံးယောက်ထိုင်ခုံတွင်မို့ သူ Singto ၏ ပေါင်ပေါ်တွင် လှဲရန် ပြင်၏။ အကြိမ်ပေါင်းများစွာ ထိုအပြုအမူကို ရင်းနှီးနေသလို Singto သည် သူလှဲ၍ ရလာအောင် ခုံအလယ်တွင်ထိုင်နေရာမှ ထောင့်သို့ကပ်ပေးကာ လက်ကို ခုံနောက်မှီတွင်တင်ပေးလာသည်။
ဒါက သူတို့၏ ပြောင်းလဲသွားသည့် ရင်းနှီးမှုတစ်ခု။ သူ Singto နှင့်အတူရှိနေရလျှင် သက်တောင့်သက်သာ ရှိလွန်းသည်။ သူကပဲ စိတ်ပျော့လွယ်၍လားတော့မသိ။ ထိုစီနီယာ၏ လွှမ်းမိုးမှုက သူ့အပေါ်တွင် တစ်နေ့ထက်တစ်နေ့ သိသာလာလေ၏။ ကောင်းသည့်ကိစ္စမဟုတ်သော်လည်း ထိုစီနီယာသည် သူ့ Comfort Zone ဖြစ်လာသည်မို့ သူ မသိကျိုးကျွံသာ ပြုနေလိုက်သည်။ လူတိုင်းက Comfort Zone ကို တွန်းလှန်နိုင်ဖို့က ခက်ခဲလွန်းသည်လေ။
YOU ARE READING
Unleash(fanfic)
FanfictionRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...