သူတို့၏ နှစ်ဦးသဘောတူရှိနေသည့် မည်သည့်ခေါင်းစဉ်အောက်တွင်မှ ရှိမနေသည့် ဆက်ဆံရေးလေးသည် တစ်နေ့ထက်တစ်နေ့ခိုင်မာလာဖြစ်သည်။
"မင်းနဲ့မင်းရဲ့ P' က တစ်နေ့ထက်တစ်နေ့ လွန်လွန်းလာပြီ..."
သူ့အိမ်လာလည်သည်နှင့် ဖိနပ်ပင်မချွတ်ရသေးဘဲ ရန်လှမ်းတွေ့သည့် Gun။ Krist သူ ပြုံး၍သာ Gun ကိုကြည့်သည်။
"ဘာဖြစ်လို့လဲ... ငါတို့က ဒီတိုင်းလေးပါပဲ..."
"မင်းပြောတော့ သူ့ကို သဘောမကျဘူးဆို! မင်းက သူ့ကိုစိတ်မဝင်စားဘူးဆို! မင်းက Gay မဟုတ်ဘူးဆို!"
"အင်း အဲ့ဒီတော့... အရင်ဆုံး ငါ့ကို အိမ်ကပို့ပေးလိုက်တဲ့ ဟင်းတွေပေးရမှာမဟုတ်ဘူးလား..."
သူ ပြောလည်းပြော Gun လက်ထဲမှ အထုတ်ကိုလည်း ယူကာ မီးဖိုခန်းသို့ သယ်သွားတော့ အနောက်မှ Gun ၏ ချီးပေကောင်ဆိုသည့် စကားကို ကြားဖြစ်အောင်ကြားလိုက်ရသေးသည်။
"မင်းနဲ့ P' Off က အခုအတူနေနေတာမဟုတ်လား..."
မီးဖိုခန်းထိ ရန်တွေ့ရန် လိုက်လာသည့် Gun ကို သူ စကားလွှဲတော့ မျက်လုံးရွဲကြီးဖြင့် ဆူပုတ်ပုတ်သူ့ကို ကြည့်လာသည့် ကိုယ်တော်ချော။ သူ့ထက် အရပ်ပုနေသည့် Gun ခေါင်းကို သူ လှမ်းဖွတော့ သူ့ကို တက်ပုကောင်သည် အော်ဟစ်လာတော့သည်။
"ဟာ မင်းရဲ့ ဟင်းဘူးကိုင်ထားတဲ့ လက်ကြီးနဲ့! အား! ငါခေါင်းပြန်လျှော်ရအောင် မလုပ်နဲ့နော်..."
"ငါ့အိမ်မှာ လျှော်သွားလို့ရတယ်..."
"မင်းရဲ့သုံးနေကျ ခေါင်းလျှော်ရည်နဲ့လား..."
"ဟင့်အင်း စပွန်ဆာရထားတာတွေနဲ့..."
မျက်နှာသေလေးဖြင့် သူပြန်ပြောတော့ Gun သည် ကပ်စေးကောင်ဟု သူ့ကို ပြောဆိုပြန်သည်။
"ညနေမှ ပြန်မှာမဟုတ်လား..."
"အင်း... မင်းက ဘာလို့အိမ်ကပ်နေတာလဲ... အလုပ်မရှိဘူးဆို မင်းလျှောက်သွားနေပြီးတော့..."
"ငါလည်း နားချင်တာပေါ့ကွာ... နောက်ပြီး ငါ အခု အဆိုလိုင်းဘက်ကူးတော့မလို့ လုပ်နေတယ်လေ..."
YOU ARE READING
Unleash(fanfic)
FanfictionRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...