အပိုင်း - ၂၂ : Singto

1.3K 225 6
                                    

သူ့အမည်က Newwie သူ့တွင် သူငယ်ချင်းနှစ်ယောက်ရှိသည်။ တစ်ယောက်သည် တဖြောင့်တည်းရှိသည့် စိတ်သဘောထားကိုပိုင်ဆိုင်ပြီး မည်သည့်ပြဿနာလာလာ အမြင်တစ်မျိုးတည်းသာ မြင်တတ်သည့်သူ။ နောက်တစ်ယောက်ကတော့ သင်က သူ့ကို သွားမစသရွေ့တော့ သင့်ဘဝလေးက ငြိမ်းချမ်းနေမည်ဆိုသည့် သူမျိုး။

သူတို့၏ သုံးယောက်အုပ်စုကမ္ဘာငယ်လေးတွင် သူက နောက်ဆုံးရောက်လာသည်ဟု ဆို၍ရသည်။ အစပထမတုန်းက Off နှင့် Singto နှစ်ဦးသာ ရှိသည်မဟုတ်လား။ သူတို့သုံးဦး တွဲမိကြခြင်းက ရိုးရှင်းသည်။ အလယ်တန်းလောက်တွင် သူ ကျောင်းပြောင်းရသည်။ ထိုအချိန်တွင် သူ့မှာ အပေါင်းအဖော်အသစ်မရှိသေး။

မြို့ပြမှလာသည့် ကောင်လေးမို့ သူက အနည်းငယ်လည်း ကိန်းကြီးခန်းကြီးနိုင်သည်။ တောသားလေးတွေနှင့် မပေါင်းချင်ဘူးဆိုသည့် သူမျိုး။ ဖခင်အလုပ်ကြောင့်သာ သူ မတတ်သာရွေ့လိုက်လာရသည်မို့ သူ တောဖရုံသီးလေးများဖြင့် အပေါင်းအသင်းသိပ်မလုပ်ချင်။

ကိန်းကြီးခန်းကြီးနိုင် အင်း ကြီးကျယ်သည်ဟု ဆိုခြင်းကလည်း သူ့အပြစ်တော့မဟုတ်။ သူက ဘာပဲပြောပြော မြို့ပြကျောင်းတွင် အမြဲတမ်း Top 3 ကျောင်းသားစာရင်းဝင်သည့်သူလေ။ သူက စာတော်သည်၊ ဥာဏ်နီဥာဏ်နက်များသည်၊ ဖော်ရွေသည်။ သူ့ အူလည်လည် မျက်နှာအောက်တွင် လှည့်စားခံရသည့် သူများက မနည်းမနော။ ပြောရလျှင်တော့ သူက လိမ္မာသည်ဆိုသည့် မျက်နှာဖုံးအောက်မှ ခပ်ဆိုးဆိုးကောင်လေး။

မည်သူမှ သူဆိုးသွမ်းပါသည်ဆိုသည်ကို မသိအောင် သိုသိုသိပ်သိပ်နေနိုင်သည် ဆိုသည့် သူ့ အတွေးတို့ကို တစ်စုံတစ်ယောက်သည် ချေဖျက်ခဲ့သည်။ ချေဖျက်ခဲ့ခြင်းသည် သာမန်တောင်မဟုတ် တစစီ။ ထိုနေ့တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအသေးစိတ်နှင့် အကြောင်းကိစ္စဖြစ်ရာနေရာကို သူ မမှတ်မိသည့်တိုင် ထိုအချိန်က ခံစားချက်နှင့် စကားအသွားအလာအချို့ကို သူ မှတ်မိနေသေးသည်။ ဟင့်အင်း သူ့ စိတ်နှလုံးထဲတွင် စွဲထင်နေသည်ဟု ပြောလျှင် ပိုမှန်လောက်သည်။

"မင်း Off ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်နေတာကို မေ့လိုက်စမ်းပါ..."

Unleash(fanfic)Where stories live. Discover now