AnnaLynn has something to say

2.1K 202 59
                                    

ဆိုတော့ကား Unleash သည်လည်း ပြီးသွားပြန်ပြီပေါ့။

နောက်အသစ်ကတော့ ဘယ်တော့ရေးဖြစ်မလဲမပြောတတ်ပါဘူး။ သတိထားမိမလားတော့ မသိဘူး (သတိမထားမိလည်း အခုပြောပြပြီပဲ သိလိုက်တော့ XD)

ကိုယ်တွေ Fanfic ရေးရင် SingKit နဲ့ KongArthit ကို သေချာခွဲခြားပြီးရေးပါတယ်။

SingKit နဲ့ပတ်သက်ပြီးရေးရင် အတတ်နိုင်ဆုံး သူတို့ရဲ့ Reality Life ကိုယူရေးတတ်ပြီး သူတို့ရဲ့ ပင်ကိုယ်စရိုက်နဲ့ ကိုက်ညီအောင် ရေးပါတယ်။ Odium, Teach me how to love, Playdate ကိုတော့ချွင်းချက်ပေါ့လေ။ Multiverse theme ဖြစ်တဲ့Cross World ကိုတောင်မှ Reality ကို အခြေခံယူပြီး ရေးခဲ့တာပါ။

KongArthit ဆိုရင်တော့ Imagination ရရင်ရသလို ရေးပါတယ်။ စိတ်ကူးယဉ်ဆန်လည်း သူတို့က ဇာတ်ကောင်တွေပဲမို့ ရေးရတာ လွတ်လပ်မှုရှိတယ်။ ဒါပေမဲ့လည်း P' BitterSweet က တည်ဆောက်ထားတဲ့ ဇာတ်ကောင်စရိုက်မပျောက်သွားအောင် ရေးရသေးတာပဲ။ ဒါ သူများဖန်တီးထားတဲ့ဇာတ်ကောင်လေ ကိုယ့်ဇာတ်ကောင်မှမဟုတ်တာ။ စာရေးသူအချင်းချင်းအားနာသမှုလေးနဲ့ သူ့ဇာတ်ကောင်ကို ကိုယ်လုပ်ချင်တိုင်းလုပ်လို့လည်း မသင့်တော်ဘူးလေနော်။

Fanfic ရေးတာ အင်မတန်မှဘောင်ကျဉ်းတယ်လို့ ကိုယ်တွေခံယူထားပါတယ် ဇာတ်ကောင်ကိုတန်ဖိုးထားမှု၊ Idol ကို တန်ဖိုးထားမှုနဲ့ ကိုယ်တွေကတော့ အရမ်းပင်ပန်းပြီး စဉ်းစားရေးရတယ်။ Reality ကနေများလွတ်သွားမလား။ သူတို့ရဲ့ မူရင်းစရိုက်နဲ့မကိုက်ညီတော့ရင်ရော။ ငါရေးလိုက်တာ သူတို့ Image ထိခိုက်သွားမလား စသည်စသည်နဲ့ရေးခဲ့ဖြစ်တာပါ။

အခုနောက်ဆုံးရေးတဲ့ Unleash ကိုတော့ သူတို့ လက်ရှိ RS ရဲ့ BTS သဘောမျိုး ရေးဖြစ်ခဲ့တာ။ ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ ကိုယ်မှ မမြင်နိုင်ဘဲ။ အဲ့တော့ အမှားပါရင်လည်း ခွင့်လွှတ်ကြပါပေါ့။ Profundity နဲ့ Platonic Concept ကိုအခြေခံရေးခဲ့တာပါလေ။

Unleash ပြီးသွားပြီမို့ SK fanfic တွေကို ခဏနားဖို့ရည်ရွယ်ထားပါတယ်။ အောက်ဖဲတွေလှန်သမျှကလည်း ကုန်ပြီလေနော်။ ၁၄ ပုဒ်တောင်ရေးခဲ့ပြီးပြီလေနော်။

Transmigration Into Fanfiction ကိုလည်း Unpublish လုပ်ထားပါတယ်။ ဆက်ရေးဖို့ရည်ရွယ်ချက် မရှိသေးပါဘူး။

ပြီးခဲ့တဲ့ Fanfic တွေကို အောက်မှာ List နဲ့ဖော်ပြထားပါတယ်။ အကုန် complete တွေပါ။ KA ဆိုတာက KongArthit ပါ SK က SingKrist ပါ။

1. The Story between Us (KA)
2. Bitter Destiny (KA)
3. A rabbit love story (KA)
4. Cross World (SK)
5. Forbidden love story (KA)
6. My dumb senior and me (KA)
7. Bitter Destiny (KA)
8. Odium (SK)
9. Teach me how to love (SK)
10. My two faces husband (SK)
11. Playdate (SK)
12. Bromance (SK)
13. Our love (one short collection)
14. Unleash (SK)

14 ပုဒ်တောင် ရေးခဲ့ပြီးပြီဆိုတော့ SK ကိုလည်း လှန်စရာအောက်ဖဲက ကုန်သလောက်ရှိပြီပေါ့။ ခဏနားသင့်ပြီလို့တော့ထင်တာပဲ။ နောက်ပြီး ယူတို့လည်း အိုင် မရိုပေးတာနဲ့ပတ်သက်ပြီးရင်မနာရတော့ဘူးပေါ့ ခွိ XD အဲ့ဒီတော့ အန်နာလင်းလေးမှ Fanfic တွေရေးတာ နားထားပါတယ်နော်။

ယူတို့ရဲ့ချစ်သော
အန်နာလင်း

Unleash(fanfic)Où les histoires vivent. Découvrez maintenant