"ထိုင်လေ Krist..."
သူ့ကို ထိုင်လေပြောသည့် Singto ရှေ့ခုံတွင် သူ ဝင်ထိုင်လိုက်သည်။ သူတို့မည်သည့်စကားမှ မစခင် မှာစရာရှိသည်ကိုမှာနေတော့ ယခုလိုညနေခင်းတွင် သူတို့အတူရှိသည်ကို မြင်သည့် လူတချို့၏ မျက်နှာက ဝင်းလက်နေကြ၏။ Krist ပြန်ပြုံးပြနှုတ်ဆက်သော်လည်း သူ့စိတ်ကကြည်ကြည်လင်လင် မရှိသည်မို့ အပြုံးတို့သည် မပီပြင်နေ။ Singto သည် ထိုအချင်းအရာကို ကြည့်ရင်း...
"စိတ်ထဲမှာ ဖြစ်နေတာတွေကို အပြင်ကို မပေါ်အောင် အခုချိန်ထိ မဖုံးကွယ်နိုင်သေးဘူးလား..."
လက်ခုံပေါ်မေးတင်ကာ သူ့အမူအရာကို ကြည့်ပြောလာသည့် Singto မျက်နှာသည် ပြုံးမြနေခဲ့သည်။ သူ Singto ကို လေးနက်စွာစိုက်ကြည့်ရင်း...
"P' ကျွန်တော်မေးထားတဲ့ မေးခွန်းကို ဖြေဖို့ ဒီကိုခေါ်တာမဟုတ်ဘူးလား..."
"အင်း ငါ မင်းကို မပြောတာမဟုတ်ပါဘူး... မပြောဖြစ်သေးတာပါ..."
ဖြေလာတော့လည်း သူ မေးခွန်းကို နောက်တစ်ကြိမ်ပင် ပြန်မေးစရာမလို။ Krist သူ Singto မျက်နှာကိုသာ စူးစိုက်ကြည့်နေဆဲ။ သူ့ကို အမြဲတမ်း ဦးစားပေးသည့် စီနီယာက ဘာလို့အခုကိစ္စကျမှ။
"အဲ့ဒီတော့ တကယ်သွားမှာလား..."
"အင်း..."
ထိုစဉ်သူတို့မှာထားသည်များရောက်လာသဖြင့် စကားစပြတ်သွားရပြန်သည်။ သူ စားစရာများကို ကြည့်နေသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကိုလည်း ပြောသင့်တယ်..."
"ငါ ပညာတော်သင်သွားဖြစ်မယ်... နှစ်အကြာကြီးတော့မဟုတ်ပါဘူး..."
သူပြောခိုင်းသည့်အတိုင်းပြောလာသည့် Singto ကို သူ ကြည့်သည်။ Singto က သူ့ကို အပြုံးဖြင့်သာ ကြည့်နေ၏။
"ဒါပဲလား..."
သူ့စကားကြောင့် Singto ၏ ကော့ညွှတ်နေသောနှုတ်ခမ်းတို့က ပြန်တည်သွားကာ တူကိုဖောက်ရင်း အရှေ့မှ ဆူရှီတစ်ဖတ်ကို အလျင်ကောက်ဝါး၏။ Krist မျက်ခုံးတို့တွန့်ချိုးကာ Singto ကိုကြည့်နေသည်။
Singto သူ့ရှေ့မှ ကောင်လေး၏ မျက်မှောင်ကြုတ်နေမှုကိုကြည့်ပြီး သူ ရယ်ချင်နေတော့၏။ ဒါပဲမဟုတ်ရင် သူ ဘာဆက်ပြောရမှာလဲ။ ငါ့ကိုစောင့်နေပါ ဆိုတာမျိုးလား။ Nong... အဲ့လိုပြောရအောင် ငါတို့ရဲ့ ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် စောင့်ခိုင်းရမဲ့ ဆက်ဆံရေးမျိုးမှ မဟုတ်ဘဲလေ။
ESTÁS LEYENDO
Unleash(fanfic)
FanficRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...