"P' ကျွန်တော် နည်းနည်းမေးချင်လို့..."
"အင်း..."
ပေါင်မုန့်ကိုက်ပြီး သူ့ထံသို့ လျှောက်လာသည့် ကောင်လေးကို သူ ကြည့်ပြီးခေါင်းညိတ်သည်။ ထိုကောင်လေးက သူ့ကို P' Singto ဟု ဆိုသည်ထက် P' ဟု ခေါ်တတ်နေပြီ။ ဘာကြောင့်ဆို သူတို့နှစ်ဦးလုံးက ထို Boys Love Series တွင် ရိုက်ကူးဖို့ ရွေးချယ်ခံရသည်မို့ ရိုက်ကွင်းတွင် သူတို့ ရင်းနှီးနေကာ ကျောင်းတွင်လည်း ပိုရင်းနှီးသွားဖြစ်သည်။
တစ်ကျောင်းတည်းအတူမို့လည်း ရိုက်ကွင်းတွင် နှစ်ဦးအကြားအနှောင့်အယှက်ရှိမနေသည့်အပြင် တစ်ယောက်နှင့်တစ်ယောက် နားမလည်သည့် အပိုင်းများတွင် သူတို့အပြန်အလှန် ပြောဆိုဖြစ်ကြသည်လေ။
ထို Boys Love Series က အင်ဂျင်နီယာကျောင်းသားလေးနှစ်ဦးကြားမှ ချစ်ခြင်းအကြောင်း၊ စီနီယာနှင့် ဂျူနီယာကြားမှ အမြင်လွဲမှားမှု သူတို့၏ ခံယူချက်ခြင်းကွာခြားမှုကြားမှ ဖြစ်ပေါ်လာသည့် အချစ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ရင်မဆိုင်ခင် သူတို့၏ တွေးကြောက်နေမှု၊ နောက်ဆုံးတွင် ရင်ဆိုင်မည်ဆိုသည့် ဆုံးဖြတ်ချက်နှင့် ပြေလည်သွားမှု။
စီနီယာကောင်လေးနှင့်ဂျူနီယာကောင်လေးဟု ဆိုရာတွင် Singto ဆိုသည့် သူက ဂျူနီယာကောင်လေးအဖြစ် သရုပ်ဆောင်ရပြီး Krist က စီနီယာကောင်လေးအဖြစ် သရုပ်ဆောင်ရပေ၏။ အတော်လေးကို ထော်လော်ကန့်လန့်နိုင်သည့် ကံတရားပါလားဟုတွေးပြီး သူ ရယ်ချင်နေတော့သည်။ သူက ပြင်ပလောကတွင် ထိုကောင်လေး၏ စီနီယာဖြစ်ပါလျက်နှင့် ထိုကောင်လေးကတော့ သူ့ဂျူနီယာဖြစ်ပါလျက်နှင့် ဖန်သားပြင်ပေါ်တွင်တော့ သူတို့၏ အနေအထားက ပြောင်းပြန်။
"ဒီနားလေးလေ... အဲ့ဒါကို ကျွန်တော် သိပ်နားမလည်ဘူး သူက ဘာလို့ အဲ့ဒီလိုတွေးတာလဲဟင်..."
မေးခွန်းနှင့်အတူ သူ့ဘေးခုံတွင်ဝင်ထိုင်လိုက်ချိန်တွင် ထိုကောင်လေး၏ မျက်နှာကို ဘယ်ရယ်မဟုတ် အကဲခတ်ဖြစ်၏။ နဂိုကတည်းက ဖြူနုပြီးဖောင်းနေသည့် ပါးဖောင်းဖောင်းလေးများက ယခုလို အစာစားနေတော့ ဟမ်းစတားလေးတစ်ကောင်မှ ပါးစောင်တွင် အစာကိုထည့်၍ ဝါးနေသည့်နှယ်။ Singto ပါးကို ဆွဲဖျစ်ချင်စိတ်ကို လျစ်လျူရှုကာ Krist ပြလာသည့် ဇာတ်ညွှန်းစာရွက်ကို ပြ၏။
YOU ARE READING
Unleash(fanfic)
FanfictionRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...