အပိုင်း -၁ : Third Year တွေက ကြောက်စရာကောင်းတယ်

9.9K 477 59
                                    

အချစ်ဆုံးလူတစ်ယောက်ကို ဆုံးရှုံးရတယ်ဆိုတဲ့ ခံစားချက်က ဘာနဲ့တူလဲဆိုတာသိလား။ မရှိတော့ဘူးဆိုတဲ့ စကားက စကားလုံးလေး လေးလုံးသာဖြစ်ပေမဲ့ အဲ့ဒီစကားလုံး လေးလုံးက လူတစ်ယောက်ရဲ့ ဘဝကို အရောင်အသွေးမဲ့အောင်လုပ်နိုင်တယ်။ ပိုဆိုးတာက အဲ့ဒီအချစ်ဆုံးသူကို ဆုံးရှုံးရမယ်လို့ကြိုသိပြီး သူ ထွက်သွားမဲ့နေ့ကို တတိတိစောင့်နေရတာက ဘယ်လောက်များပိုဆိုးမယ်လို့ မင်းထင်လဲ။

အစပိုင်းမှာ တစ်နေ့ထက်တစ်နေ့ မင်းရဲ့ကမ္ဘာက အရောင်တွေဖျော့လာမယ်... မင်းဘေးနားက အသံတွေလည်း တဖြေးဖြေးလျော့လာမယ်။ နောက်တော့... တဖြေးဖြေးနဲ့ မင်းရဲ့စိတ်တွေက အေးခဲလာလိမ့်မယ်... နောက်ဆုံး သူ ထွက်သွားချိန်မှာ မင်းရဲ့ကမ္ဘာက အရောင်အသွေးလုံးဝမဲ့သွားမယ်။ အသံတွေက လုံးဝတိတ်ဆိတ်သွားလိမ့်မယ်။ မင်း သေသွားပြီလို့တောင် ထင်ရလိမ့်မယ်။

တိတ်ဆိတ်သွားလွန်းတဲ့အချိန်မှာ မင်းဘာတွေလုပ်ဖို့ ကြိုးစားလဲ... တဖြေးဖြေးတိတ်ဆိတ်နေတဲ့အချိန်မှာရော... ငါကတော့ နေ့ဘက်မှာ နားကြပ်ကိုတပ်ထားလေ့ရှိတယ်... နောက်ပြီး ဆိုးသွမ်းတယ် မလုပ်ရဘူးဆိုတဲ့အရာတွေကို လုပ်ကြည့်တယ်... ကျောင်းစာတွေမလုပ်လို့ အဆင့်ကျပြီး အဖေ့ရဲ့ အထိုးခံရတာမျိုး... စိတ်ကမနာကျင်နိုင်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုက ကိုယ်အသက်ရှိနေသေးတယ်ဆိုတာကို ပြတဲ့အရာမျိုးမဟုတ်လား။

ညဘက် ဘားတွေကလပ်တွေသွားတာကလည်း နည်းလမ်းတစ်ခုပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက ဆူညံတယ်လေ... ငါပြောချင်တာက မင်းကမ္ဘာကြီးက တိတ်ဆိတ်ခြောက်ကပ်နေတာမဟုတ်လား... အဲ့ဒီအတွက် အဲ့လိုနေရာတွေက ဆူညံပြီးအရောင်အသွေးစုံတယ်မဟုတ်ဘူးလား။

============= Unleash ==============

ဆူညံသည့်ကလပ်တစ်ခုတွင်ဖြစ်၏။ ကခုန်နေကြသည့် လူငယ်အများသည်မျက်စိနောက်စရာဖြစ်သော်လည်း ဆံပင်ရှည်နှင့်ကောင်လေးတစ်ယောက်သည် ယမကာအပြင်းစား တစ်ခွက်ကို ကိုင်ကာ ခွက်ထဲရှိ အရက်ဖြူအပြင်းစားကို ကြည့်ပြီး ငိုင်နေလေသည်။ ဆူညံမှုသည် သူ့နားသို့ ဝင်လာသော်လည်း သူ၏စိတ်သည် ခြောက်ကပ်နေဆဲ။

Unleash(fanfic)Tahanan ng mga kuwento. Tumuklas ngayon