လူတွေ... သူတို့က ဘာလို့များ ဟန်ဆောင်မျက်နှာဖုံးတွေများရတာလဲ... သူ အကြိမ်ကြိမ်မေးခွန်းထုတ်ဖူးသည်။ သူကရော ဘာလို့ဟန်ဆောင်မျက်နှာတစ်ခုတပ်ထားတာလဲ။ သူ အဆင်မပြေသည်ကို အဆင်ပြေချင်ယောင်ဆောင်နေသည့် မျက်နှာဖုံး။ မျက်နှာဖုံးအောက်မှ သူ၏ စစ်မှန်သည့် လဲပြိုနေခြင်းတို့ကို မည်သူကများ သိနိုင်မှာလဲ။ နားလည်နိုင်မှာလဲ။ သြော်... သူ နားရောနားလည်စေချင်ရဲ့လား...
"မင်း အဲ့ဒီကောင်လေးကို အဲ့လိုပြောလိုက်တာ လွန်တယ်..."
သူ့အိပ်ယာထက်တွင် မှောက်လျက်နေရင်း Comics စာအုပ်တစ်အုပ် ဖတ်နေသည့် New ၏ အသံ။ အားသည်နှင့် သူ့အခန်းထဲ လာနေတတ်သည့် ထိုနှစ်ကောင်၏ အသံသည် အတွေးလွန်တတ်သည့် သူ့ကို အတွေးကမ္ဘာထဲမှ လက်ရှိလောကသို့ ပြန်လည်ခေါ်ဆောင်တတ်သည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ... အဲ့လိုမပြောရင် အဲ့ကောင်လေးက အလိုက်သိမှာမှ မဟုတ်တာ... နောက်ပြီး မင်း အဲ့ဒီ Volume ဖတ်နေတာပြီးရင် ငါ့ကိုပေးဦး..."
"ငါအရင်ယူထားတာ ငါပြီးမှ ရမယ်... လာမလောနဲ့..."
Off တောင်းသည့် စာအုပ်ကို ရင်ဘတ်အောက်တွင်ဖွက်လိုက်ကာ ညစ်ကျယ်ကျယ်ပြန်ပြောသည့် New ၏ ကျောကို အုန်းခနဲတစ်ချက်ထုကာ Off ခုတင်ထက်မှ ခပ်တည်တည်ဆင်းသည်။ အသစ်ထွက် Comics စာအုပ်၏ Volume အသစ်ကို မဖတ်ရ၍ သူဦးတည်သည်က အခန်းပိုင်ရှင်၏ ငြိမ်းချမ်းနေမှုကို ဖျက်ဆီးရန်အခြေအနေသို့ ပြောင်းရွှေ့သွား၏။
"Headphone မှာသီချင်းသံလည်းကြားရမှာ မဟုတ်ဘဲနဲ့ နားအနာခံပြီး အုပ်မထားစမ်းပါနဲ့ မင်းအခန်းမှာ ငါတို့အပြင် ဘယ်သူရှိလို့လဲ..."
"ဘယ်သူက သီချင်းသံမကြားရဘူးလို့ပြောလို့လဲ..."
စာကြည့်စားပွဲတွင် Laptop တင်ကာ Headphone တပ်ကာ ဖန်သားပြင်ကို ကြည့်နေသည့် သူ့ပခုံးမှ ကျော်၍ လက်ဖြူဖြူတစ်ချောင်းသည် ဖန်သားပြင်အောက်ရှိ ဘားတန်းတွင်ပေါ်နေသည့် Icon လေးများကို အသာထောက်ရင်း...
"ပြောကြည့်ပါဦး... Media Player တစ်ခုမှရှိမနေတဲ့ Bar တန်းကြီး..."
သူ့ ထိုင်ခုံကျောမီကို လက်နှစ်ဖက်ထောက်ထားသည့် Off ကို Singto ခေါင်းမော့ကာ မျက်လုံးလှန်ကြည့်သည်။
YOU ARE READING
Unleash(fanfic)
FanfictionRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...