"P' Singto..."
Audition အတူတူ ဝင်ဖြစ်လိုက်လို့လားပဲ မသိ သူနှင့် Singto ကြားမှ တစ်ဦးကိုတစ်ဦး ခေါ်ရခက်ခဲနေမှုက ပျောက်ကွယ်သွားသလို။
"အင်း Nong Krist..."
Singto သည် သူ့ကို Nong ဟု ပြန်ခေါ်တတ်လာပြီ။ သူတို့ကြားက ဆက်ဆံရေးက ကျဲသည်လည်းမဟုတ် ရင်းနှီးလွန်းသည်လည်း မဟုတ်သည့် အနေအထားတစ်ခု။
"P' စိတ်မလှုပ်ရှားဘူးလား... Result စောင့်ရတာ ကျွန်တော်တော့ စိတ်လှုပ်ရှားလို့သေတော့မယ်..."
"ဘာစိတ်လှုပ်ရှားစရာရှိလို့လဲ သူတို့ကြိုက်ရင်ရွေးမယ် မကြိုက်ရင် မရွေးဘူးပဲကို..."
Singto သည် သူ့ကို စကားပြန်ပြောနေသော်လည်း လက်တို့က အငြိမ်မနေ။ စာကြည့်တိုက်နားရှိ ခုံတန်းလျား တစ်ခုတွင်ထိုင်ကာ ဂိမ်းဆော့နေသည့် Singto ၏ ဖုန်းကို Krist လှမ်းကြည့်သည်။ သူ့ကို Noob တွေနဲ့ မကစားဘူးဟု ပြောခဲ့သည့် Singto စကားကို သတိရကာ သူ မျက်နှာမဲ့ဖြစ်၏။ ဟွန့်သူကရော ဘယ်လောက်ထိ ဆော့တတ်တာမို့လဲ။ အတွေးနှင့်အတူ သူ ကြည့်လိုက်စဉ်တွင် ထိုအတွေးတို့က ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။
"အာ... အာ... P'... P' Rank က..."
Singto က သူ့ကို မျက်ထောင့်အသာကပ်ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်သွား၏။ သူ့ကို ရန်စလိုက်ခြင်းဖြစ်သည်ကို Krist ကောင်းကောင်းရိပ်မိကာ ပုတ်သိုးသည့် မျက်နှာဖြင့်...
"Noob လို့ပြောလည်း ခံရမှာပဲ..."
အီလည်လည် ရေရွတ်ပြီး သူ့ဘေးတွင် သက်တောင့်သက်သာ ထိုင်ပြီး ဖုန်းသုံးနေသည့် Krist ကို Singto မျက်လုံးထောင့်စွန်းများမှ တစ်ဆင့်အကဲခတ်ဖြစ်သည်။ သူ သေသေချာချာကြည့်ပြီးလည်း အကဲမခတ်နိုင်။ ဂိမ်းထဲရှိ ကြယ်ပွင့်လေးများက အလွန်ပင်အဖိုးတန်သည်မဟုတ်လား။
"သိပ်လည်း စိုးရိမ်စရာမရှိပါဘူး Result က ပါတာနဲ့မပါတာ နှစ်ခုပဲရှိမှာမဟုတ်လား..."
"P' ပြောမှလား..."
Krist က ရှုသိုးသိုးအော်ကာ နှုတ်ခမ်းတို့စုချွန်ပြီး သူ့ကို ကြည့်လာသည်။ Singto ရယ်ချင်သွား၏။ ဒီကောင်လေးက ဟိုတလောလေးကပဲ သူ့ကို ကြိုက်သည်ဟု လူတွေထင်နေခြင်းကြောင့် စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ခဲ့ပြီး ယခုကျတော့လည်း သူ့ဘေးတွင် ခပ်တည်တည်နေနေရဲသေးသည်။ သူ ထိုကောင်လေးကို နည်းနည်းလောက် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လျှင်ကောင်းမလား။
ESTÁS LEYENDO
Unleash(fanfic)
FanficRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...