အပိုင်း - ၂၅ : အန္တရာယ်များတဲ့ စီနီယာ

1.2K 221 1
                                    

လူတစ်ယောက်မှ အခြားလူတစ်ယောက်ကို မိမိအနားတွင် ရှိစေချင်လျှင် ပေးလို့ရသည့် Title ပေါင်းမြောက်မြားစွာရှိသည်။ ထိုအထဲတွင် လူသုံးများကြခြင်းက ချစ်သူရည်းစား၊ လက်တွဲဖော် ဆိုသည့် ခေါင်းစဉ်။ Singto ဆိုသည့် သူကတော့ ထိုအမည်နာမကို ပြက်ရယ်ပြုတတ်သည်။ ထိုအမည်နာမ၏ နောက်ကွယ်တွင် ပေးဆပ်ခြင်း၊ရယူခြင်းများရှိတတ်သည်လေ။ လူတိုင်းက ကိုယ်ချစ်သလောက် ကိုယ့်ကို ပြန်ချစ်စေချင်ကြသည့် အတ္တလေးရှိတတ်ကြသည်မဟုတ်လား။

"Kit အဆင်ပြေလား..."

မျက်နှာလေးမအီမသာဖြင့် မှန်ထဲမှ သူ့ကို ခေါင်းညိတ်ပြလာသည့် ထိုကောင်လေး။

"ဘာလို့လဲ..."

သူ ထိုပါးဖောင်းဖောင်းလေးကို အသာဆွဲဖြစ်မေးတော့ သူ့ကို...

"ကျွန်တော်က P' ကိုအားနာရမှာ... မီဒီယာတွေက ကျွန်တော့် Relationship ကိစ္စက P' ကြောင့်လားလို့ မေးတာမျိုးဆို ကျွန်တော် လုံးဝမကြိုက်ဘူး..."

Singto မှန်တင်ခုံတင်စင်တွင် မှီထိုင်လိုက်ရင်း Krist ၏ ပုံကျနေသည့် ဆံပင်လေးများကို ပိုပုံကျလာအောင် ခပ်ပြုံပြုံးသာ သပ်တင်ပေးနေ၏။

"အဲ့ဒါနဲ့ပဲ မျက်နှာပျက်လို့မှ မရတာ... အခု ဇာတ်လမ်းလွှင့်ပြီးတာမို့ ဒီကိစ္စတွေကို တူးကြမှာပဲလေ..."

ဒါက ကြုံလာမည့် ကိစ္စပဲလေ ဟူသည့် မျက်နှာမျိုးဖြင့် သူ့ကို ဖြေသိမ့်နေသည့် Singto ကို Krist မျက်နှာသေလေးဖြင့် ကြည့်သည်။ ဒီ P' Singto က တကယ်ပဲ ဒေါသမထွက်တတ်ဘူးလား။ သူ ဒေါသထွက်သည်ကို မြင်ရသည်က အတော်ရှားပါးသည်။ သူတို့ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံးတွင် ထိုစီနီယာ ဒေါသထွက်သည်ကို သူ တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။ သူတို့ တစ်ဦးကိုတစ်ဦး အထင်လွဲခဲ့ကြသည့် အချိန်က။ Krist ထိုအကြောင်းကို ပြန်တွေးမိပြီး ပြုံးစိစိဖြစ်သွား၏။

"P' က တကယ်ကြီးကျောင်းပြောင်းမှာလား... အခု နောက်ဆုံးနှစ်ပဲရောက်နေပြီကို..."

သူတို့၏ တိုးတက်လာသည့် ဆက်ဆံရေးအရ တစ်ယောက်၏လူမှုရေးကို တစ်ယောက် ဝင်စွက်ဖက်ခွင့်ရှိနေပြီမို့ Krist သူ့စိတ်ထဲ အလိုမကျမှုကို ပြောတော့။ Singto သည် ပခုံးအသာတွန့်ကာ...

Unleash(fanfic)Where stories live. Discover now