သူတို့ကို ဆွဲတင်ပြီးနောက် သူနှင့် Singto သည် ကိုယ့်နေရာနှင့်ကိုယ်ပြန်ရောက်သွားကြ၏။ Krist အခဲမကြေနိုင်။ ဒီလူက ကြားနေတယ်ဆိုရင်လည်း ဘာလို့ခပ်တည်တည်နားထောင်နေသေးတာလဲ မုန်းစရာကောင်းလိုက်တာ။
Camp ထွက်သည်မို့ မီးပုံဘေးတွင် ဂစ်တာတီးသည့်သူကတီး သီချင်းဆိုသည့်သူကလည်း ဆိုဖြင့် နှစ်ကြီးသမားများနှင့် ပထမနှစ်များပိုပြီး ရင်းနှီးမှုယူနေချိန်တွင် သူကတော့ လက်ထဲတွင် အစားအသောက်ပန်းကန်ကိုကိုင်လျက်ပင် သူ့သူငယ်ချင်းနှစ်ဦးကို တစ်ဖက်တစ်ချက် ခြံရံလျက် ခပ်တည်တည်ပင် သူ့ကဲ့သို့ အစားစားနေသည့် Singto ကို မျက်စောင်းခဲနေလိုက်သည်။
"တစ်ယောက်ယောက်နဲ့ မင်းအခုထိ မတည့်သေးပုံပဲ..."
နဂါးမျက်စောင်းသည် ပြာကျလောက်သည်မို့ ထိုပထမနှစ်ကောင်လေးသာ နဂါးဆိုလျှင် Singto ခမျာ ပြာဖြစ်တာတောင် ပြာထကျသွားနိုင်လောက်သည်မို့ New ပြုံးစိစိဖြင့် အကြည့်ခံနေရသူ သူ့သူငယ်ချင်းကို ပခုံးချင်းအသာတွန်းတိုက်ရင်း ပြော၏။
"မင်းဘာလို့ သွားသွားနှောင့်ယှက်နေတာလဲ..."
Off သည်လည်း ထိုကောင်လေး၏ ရန်လိုကြည့်များကို တစ်ချက်ဝေ့ကြည့်ကာ New ကို ပြဿနာရှာတော့သည်။
"ငါ အဲ့ဒီကောင်လေးကို သဘောကျလို့လေ..."
"မင်း..."
တမျိုးတမည်သော အဓိပ္ပာယ်ပေါက်ကာ ကြည့်လာသည့် Off ကြောင့် New ပခုံးလေးတွန့်ကာ...
"Singto အတွက် သဘောကျပေးတာလေ... ဒီကောင်လေးက Singto ရဲ့ Neglect တွေအကုန်လုံးကို ကျော်ဖြတ်ဖို့ကြိုးစားနေတာ ချစ်စရာကောင်းလို့..."
"ငြိမ်ငြိမ်နေစမ်းပါကွာ... Singto မှာသူ့ဘာသာ စိတ်ညစ်စရာတွေများနေတာကို..."
"မင်း အဲ့လိုမျိုး ငဆင်းကို ကြက်သားပေါက်လေးလို ရင်အုပ်မကွာထိန်းနေလို့ မင်းရဲ့ RS တွေက ပြတ်ပြတ်သွားတာ..."
New ၏ ခနဲ့မှုကြောင့် Off တံတွေးနင်ကာ မျက်စောင်းကြီးသာ ခဲနိုင်တော့သည်။ တကယ်လည်း သူက အားနေ Singto နှင့်သာ ရှိနေသည်မို့ သူ့ RS တိုင်းဟာ သူက သူတို့ကို Singto လောက်တောင် ဂရုမစိုက်ပါဘူးဟု ဆိုကာ ပြတ်သွားရခြင်း။ အချို့သော ကောလဟလများကသူသည် Singto ကို သဘောကျနေသည်ဟုပင် ဆိုကြသေးသည်။ လူတွေလည်း အံ့သြစရာပါပဲဟုသာ သူ ပြောရလိမ့်မည်။
YOU ARE READING
Unleash(fanfic)
FanfictionRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...