မည်သည့်အချိန်မှ စောစောမနိုးတတ်သည့် Krist တစ်ယောက် ကျောင်းနောက်ကျသဖြင့် ပြေးထွက်ရမှုတွင် Second Year ဆောင်တစ်ခုလုံး ကမ္ဘာပျက်လုနီးပါးဖြစ်ရ၏။ အကြောင်းသည်ကား ထိုကောင်လေးသည် နောက်ကျ၍ ပြေးလွှာခြင်းသာမက ပါးစပ်မှလည်း တရစပ် 'နောက်ကျပြီ' 'သေပါပြီ' ထိုနှစ်လုံးကို တတွတ်တွတ်ရွတ်ရနေသောကြောင့် ဖြစ်သည်။
"Safe! Safe!"
အတန်းရှေ့ရောက်တော့ သူ့ကို ပြောင်စပ်စပ်ပြောလလသည့် Gun… သူမျက်စောင်းထိုးကာ…
"မင်း ငါ့ကိုဖုန်းလေးဘာလေးဆက်နှိုးသင့်တယ်…"
"ဖုန်းစစ်ပြီးပြီလား…"
တန်ပြန်မျက်စောင်းဖြင့် ပြန်ပြောလာသည့် Gun ကြောင့် သူ ကပျာကယာ ဖုန်းကိုစစ်တော့ Missed call သည် 10 call အထက်။ သွားလေးဖြဲကာ သူရယ်ပြသည်။
"ငါညက မင်းဆီက ပြန်ရောက်တော့ ရုပ်ရှင်ကြည့်နေသေးတယ်…"
"ကိုယ့်အပြစ်နဲ့ကိုယ်ပဲ…"
"ပြန်ပြောလိုက်စမ်းပါဦး!"
သူ့ထက်အရပ်ပုသည့် Gun ဆံပင်တို့ကို ဖွကာ သူ အနိုင်ကျင့်တော့ သူ့လက်ကို အတင်းတွန်းဖယ်ကာ အော်ဟစ်လာသည့် Gun…
"အာ အာ ဟေ့ကောင် မလုပ်နဲ့ ကေပျက်ပါပြီကွာ!"
နှုတ်ခမ်းတစ်တောင်လောက်ရှေ့ထွက်လာကာ စိတ်ကောက်တော်မူသည့် ကိုယ်တော်ချောကို ကြည့်ပြီး Krist ကျေနပ်သွားလေသည်။
"ငါ ကေကိုသေချာသလာတာကို!"
မကျေနပ်သည့်အသံဖြင့် သူ့ဆံပင်တို့ကို သေသပ်အောင်ပြန်လုပ်နေသည့် Gun ကို သူ တပြုံးပြုံးကြည့်ရင်း…
"မင်းက ဘယ်သူ့ကို မင်းရဲ့အလှအပတွေ ပြမှာမို့လဲ…"
"သြော် ပြစရာလူရှိလို့ပေါ့ကွာ!"
ပက်ခနဲခွန်းတုံ့ပြန်သည့် Gun ကြောင့် Krist ခြေလှမ်းတို့တုန့်ခနဲရပ်ကာ Gun ကို ကြည့်သည်။
"Gun မင်း…"
"ဘာလဲ!"
ဆူပုတ်ပုတ်ဖြင့် သူ့ကိုပြန်ကြည့်လာသည့် Gun ကို သူ စကားစရန်ပါးစပ်အဟ အတန်းထဲမဝင်သေးဘဲ အချိန်ဖြုန်းနေသည့် ကျောင်းသားတို့သည် ဆရာကို မြင်သဖြင့် တဝုန်းဝုန်းပြေးဝင်သွားရသဖြင့် သူတို့စကားမစပ်မိတော့။ သူ အတန်းချိန်အပြီးတွင်တော့ Gun ကို စကားပြောရလိမ့်မည်ထင်သည်။ အမှတ်မရှိသည့် Gun သည် သူ့ကိုယ်သူ ငိုရမည့်ကိစ္စများကို ဖန်တီးလာလိမ့်ဦးမည်။
CZYTASZ
Unleash(fanfic)
FanfictionRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...