"မင်း ဘယ်လိုသောက်ကလေးလဲ!"
Singto ၏ ဒေါသဖြစ်ဖြစ်အော်ဟစ်သံကို သူ ခပ်မဲ့မဲ့မျက်နှာဖြင့်သာ တုံ့ပြန်သည်။ ထို့နောက် မထီပြုံးတစ်ခုပြုရင်း...
"ခင်ဗျားလက်တွေခြေတွေကောင်းသေးတယ်မလား... ကိုယ့်ဘာသာရအောင်တက်လေ... ခင်ဗျားကြောင့် ခြေထောက်နာသွားတဲ့ သူတစ်ယောက်ကို စိုးရိမ်စရာမလိုပါဘူး..."
စကားနာထိုးနေသည့် ကောင်စုတ်လေးကို Singto နာရင်းချည်းပဲ ရိုက်ချင်မိသည်။ ဘယ်လိုဖြစ်လို့ သူတို့က အမှိုက်သစ်ရွက်ခြောက်များ လွှင့်ပစ်ရာချောက်ထဲသို့ ပြုတ်ကျသွားရသည်လဲ။ ထိုသကောင့်သားလေးသာ သူ့စကားနားထောင်လျှင် သူတို့နှစ်ဦးထိုအဖြစ်တို့ရောက်မည်မဟုတ်။ နောက်ပြီးဘာကိစ္စ သူ့အောက်ထဲဝင်ခံရသည်လဲ။ ယခုတော့ သူ့ကြောင့် ထိုကောင်လေးဟာ ခြေထောက်နာရပြီ။
"ခင်ဗျားဖုန်း Signal မိလား..."
"မရှည်စမ်းပါနဲ့ ငါ ဒီမှာ ဆက်ကြည့်နေတယ်..."
ထိုကလေးနှင့်သူ့ဆက်ဆံရေးက အကောင်းထဲတွင် မရှိသည်မို့ Singto ထိုကောင်လေးကို ကောင်းစွာပြောဆိုနေခြင်းမရှိ။
"Head Hazer တဲ့ အငယ်ကိုပြောဆိုနေလိုက်တာများ..."
ယောကျာ်းမျက်စောင်းတစ်ချက်သာ Singto ပွစိပွစိပြောနေသည့် ထိုကောင်လေးထံ ပစ်လွှတ်လိုက်နိုင်သည်။ ဖုန်းသည် သူ့ထံတွင်လိုင်းမိသော်လည်း သူ ဆက်သွယ်သူထံ လိုင်းမမိရှာ။ ဖုန်းလိုင်းရတချက်မရတချက်မို့ သူ လိုင်းမိတုန်း Message တစ်စောင်သာ သူ့သူငယ်ချင်းနှစ်ဦးလုံးထံသို့ ပို့ထားလိုက်ရသည်။ သူတို့ဘယ်နားတွင် ဒုက္ခရောက်နေသည်ပေါ့။
ပို့ပြီးသည်နှင့် Krist ထိုင်နေသည့် မလှမ်းမကမ်းတွင် သူ ထိုင်နေလိုက်တော့သည်။ သူတို့ စထွက်လာကတည်းက ပတ်ဝန်းကျင်က စတင်မှောင်နေပြီမို့ တဖြည်းဖြည်းနှင့် အမှောင်ထုသာ ကြီးစိုးလာတော့သည်။ ထိုအချိန်တွင် ဖုန်းသည် အလွန်အသုံးဝင်သည့် အရာတစ်ခုဖြစ်သွားတော့၏။ သူ Flash Light ကို ဖွင့်တော့ Krist ၏ စိုးရိမ်ပူပန်နေသည့် မျက်နှာလေးကို မြင်လိုက်ရသဖြင့် သူ့စိတ်ထဲ ရုတ်တရက် အားတုံ့အားနာဖြစ်သွားရသည်။
KAMU SEDANG MEMBACA
Unleash(fanfic)
Fiksi PenggemarRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...