အပိုင်း - ၂၉ : ပဟေဠိ

1.1K 185 0
                                    

သူ့ကို မေးလာသည့် Gun ကို သူ မယုံနိုင်သည့် မျက်လုံးများဖြင့်ကြည့်သည်။ Gun သူ စကားများမှားသွားပြီလားဆိုသည့် မျက်နှာဖြင့် Krist ကို ပြန်ကြည့်၏။ မေးခွန်းလေးတစ်ခုအတွက်နှင့်တော့ Krist ထိုမျှလောက်ကြီး ဖြစ်သွားစရာတော့မလိုလောက်ဘူး မဟုတ်လား။

"ဘာလို့လဲ... ငါ ပြောတာတစ်ခုခုများ မှားသွားလို့လား..."

သူမလုံလဲသည့် စိတ်ဖြင့် Krist ကို ပြန်မေးသော်လည်း Krist မျက်နှာထက်တွင် အံ့သြနေသည့် အမူအရာက မပျောက်ကွယ်သွားသည်။ ထိုအမူအရာကြောင့် Gun မျက်ခုံးတွန့်ချိုးသွားသည်။ ထိုမျှထိ Shock ဖြစ်သွားသည်ဆိုလျှင် အဖြေသည် တစ်ခုသာ ရှိသည်ပေါ့။

"မင်း မသိသေးတာပေါ့..."

"အင်း ငါ မသိဘူး..."

Krist ပျက်ယွင်းနေသည့် မျက်နှာကို ထိန်းချုပ်ပြီး ဖြေ၏။ ဖြစ်ပျက်နေသည့် မျက်နှာကိုကြည့်ပြီး Gun ဘာပြောရမှန်းပင် မသိတော့။ Singto က ထိုကိစ္စကို ဘာကြောင့် Krist ကို မပြောပြတာလဲ။ ဒါက အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူးလား။

Krist အောက်နှုတ်ခမ်းကို အသာကိုက်သည်။ Singto သည် ဘာကြောင့် ထိုမျှထိ အရေးကြီးသည့် ကိစ္စကို သူ့ကိုမပြောရတာလဲ။ မည်သည့်ကိစ္စတွင်မဆို သူ့ကိုရှေ့တန်းတင်နေတတ်သည့် Singto က ယခုလို ထိုကိစ္စကို သူ့ကိုအလျင်မပြောပြလာခြင်းနှင့်ပတ်သက်ပြီး သူ့ စိတ်ထဲတွင်ကြီးစွာသော အနှောင့်အယှက်ဖြစ်နေရသည်။

"မင်း အဆင်ပြေရဲ့လား..."

"Gun ငါဒီနေ့ မင်းနဲ့ မလိုက်လို့ဖြစ်မလား..."

သူ Gun ဆိုင်ခန်းတစ်ခန်းကြည့်ရန်အဖော်လိုက်ပေးမည်ပြောပြီးမှ ယခုလို ငြင်းပယ်ရခြင်းကို အားနာမိသော်လည်း သူ့ စိတ်အခြေအနေက သည်းခံပြီးအပြင်သို့ ထွက်နိုင်လောက်အောင် တည်ငြိမ်မနေ။ ဟုတ်သည် သူ အချိန်မရွေးပေါက်ကွဲသွားနိုင်လောက်အောင် ဒေါသဖြစ်နေသည်။ ဘာကြောင့် သူက ယောကျာ်းမှ အပြင်မှာ အငယ်အနှောင်းရှိသည်ကို ပြန်သိရသည့် ဇနီးတစ်ယောက်လို ဒေါသထွက်နေရတာလဲ။ Krist ခါးသက်စွာတွေးပြီး မဲ့ပြုံးပြုံးသည်။

သူ့ သူငယ်ချင်း၏ မျက်နှာကို ကြည့်ပြီး Gun ခေါင်းသာညိတ်ပြသည်။ Krist ဖြစ်သွားခြင်းကို သူ ကောင်းစွာနားလည်သည်။ အမြဲတမ်း Krist ဆိုသည့် ထိုကောင်လေးက သူချစ်သည့်သူတိုင်းမျ သူ့ကို ဦးစားပေးခြင်းကိုသာ လိုလားသည့်ကောင်လေး။ သူပင် Off တစ်ယောက်လုံးရှိနေသားနှင့် Krist ကို ဦးစားပေးနေရတုန်း။ သို့သော်လည်း သူ မညိုညင်။ Krist သည် ပင်ကိုယ်စိတ်ရင်းကောင်းပြီး အချိန်အခါနှင့်လိုက်ပြီး နေထိုင်တတ်သည့် ကောင်လေးတစ်ယောက်ဖြစ်သည် ဆိုသည်ကို သူ ကောင်းကောင်းသိသည်။

Unleash(fanfic)Tahanan ng mga kuwento. Tumuklas ngayon