ညနေကျောင်းဆင်းချိန်မို့ ကျောင်းသားတို့က ဟိုတစ်စဒီတစ်စ။ သူတို့နှစ်ဦး သစ်ပင်ရိပ်တစ်ခုအောက်တွင် အတူထိုင်ပြီး ကျောင်းသားအချို့ကို ငေးကြည့်နေဖြစ်ကြသည်။
"မှတ်မိသေးလား ငါ အထက်တန်းတုန်းက မင်းအခုလိုမျိုး ငါ ပြောတာတွေကို နားထောင်ပေးခဲ့တာ..."
"အာ ငါ နားထောင်ပေးရမှာပေါ့ မင်းနဲ့ငါက တစ်ယောက်နဲ့တစ်ယောက် အတူရှိနေတဲ့ သူငယ်ချင်းတွေပဲကို..."
"အခုလည်း မင်းငါ့ကို ပြောပြသင့်တယ်မထင်ဘူးလား... မင်းလျှို့ဝှက်ထားတာတွေ..."
လေတိုက်ခတ်သွားမှုကြောင့် သစ်ရွက်များလှုပ်ခတ်သံက ရှဲခနဲ။ Krist သစ်ပင်ကို မော့ကြည့်ကာ သက်ပြင်းမောတစ်ချက်ရှိုက်သည်။
"ငါ သူ့ကို မကြိုက်ဘူး..."
Krist သည် တိုးသဲ့သည့် ဝန်ခံခြင်းတစ်ခုကို အစပျိုး၏။ သူတို့ခြေထောက်အောက်မှ သစ်ရွက်ခြောက်တချို့ လေအဝေ့တွင် လှုပ်ရှားသွားခြင်းကို သူ ကြည့်ကာ လှုပ်ရှားသွားလာနေကြသည့် အဖြူရောင်အရိပ်များကို သူ ထပ်ကြည့်သည်။ ကျောင်းသားတို့သည် ကျောင်းဆင်းချိန်မို့ သွားလာလှုပ်ရှားနေကြ၏။
"ပထမတုန်းက သူ့ပုံစံကို အထင်လွဲပြီး ငါ အတင်းအကြပ် သူ့ကို အာရုံလိုက်နောက်တာတော့ ဟုတ်တယ်... ဒါပေမဲ့ မင်းလည်း ငါ့စရိုက်ကို သိနေတာပဲမဟုတ်လား..."
"အင်း..."
"နောက်တော့ သူနဲ့ငါ အမှတ်မထင်တွေ့ဆုံခြင်းတစ်ခုကနေ ငါ သူ့ကို ကရုဏာသက်သွားတယ်... သူ့မှာ စိတ်ညစ်ညူးစရာတွေ ရှိလို့ သူ အခုလိုဖြစ်နေတာလို့ ငါ သိလိုက်ရတယ်..."
အချို့သောအချက်အလက်များကို သူ ဖုံးကွယ်ထားဆဲ။ သူ့ဘက်မှ ပေးထားသည့် ကတိတစ်ခုကို သူ အတင်းကာရောတည်နေသေးဆဲ။
"ငါ သူ့ကို ကရုဏာသက်တာ... ငါ ဘယ်တော့မှ တစ်ယောက်တည်းဖြစ်နေတဲ့သူတွေကို ဒီတိုင်းမထားနိုင်တာ မင်းလည်းသိပါတယ်..."
Gun သည် ခေါင်းကိုသာ ညိတ်လေ၏။ သူ့တုန်းကလည်း သူ တစ်ယောက်တည်းဖြစ်နေတာကို Krist က လက်ကမ်းခဲ့တာပဲမဟုတ်လား။
YOU ARE READING
Unleash(fanfic)
FanfictionRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...