Krist ၏နောက်ပိုင်းရက်များတွင် Singto ဆိုသည့်သူတစ်ယောက်ကို ရံဖန်ရံခါတွေ့ရသည်မှလွဲ၍ မရှိတော့။ သူက Singto ကို ကြိုက်နေပါသည်၊ လိုက်နေပါသည် ဆိုသည့် ကောလဟလတို့သည်လည်း အချိန်ကြာလာသည်နှင့်အမျှ တစထက်တစ လျော့ပါးသွားချေပြီ။ သူတို့အနည်းငယ် အနေခက်ခဲ့ရသော်လည်း သိပ်အကြာကြီးတော့လည်းမဟုတ်။ ကျောင်းသားများမို့ သူတို့က သူတို့ဘဝနှင့်သူတို့ အလုပ်များ ရှိနေသေးသည်မဟုတ်လား။
"Gun မင်း အဲ့ဒါ ဘာလုပ်နေတာလဲ..."
"အာ P' Off ကို လက်ဆောင်ပေးမလို့လေ... အခုက ငါတို့ရဲ့ ချစ်သူသက်တမ်းက..."
တဟီးဟီးနှင့် အူမြူးနေသည့် Gun ကို Krist မျက်ခုံးပင့်ကာသာကြည့်လိုက်တော့သည်။ လွန်ခဲ့သည့် လအနည်းငယ်က Off နှင့် New က သူတို့၏ အထင်အမြင်လွဲမှုကြောင့် သူ့ စိတ်အနှောင့်အယှက်ဖြစ်ရမှုကို အသည်းအသန် တောင်းပန်ခဲ့ကြသေးသည်မဟုတ်လား။ သူ ပြုံးပြုံးလေးသာ ရပါသည်ဟု ဆိုခဲ့ပြီး ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် စီနီယာအစ်ကိုကို လှမ်းကြည့်မိသော်လည်း ထို စီနီယာအစ်ကိုက သူ့ကို နည်းနည်းလေးမှ ကြည့်မနေခဲ့။
ထို့အတွက်တော့ သူ ဘာမှ ထူးပြီးခံစားမနေတော့ သူ့တွင်လည်း လုပ်စရာအလုပ်ပေါင်းများစွာရှိသေးသည်လေ။ သူ့ Audition ကလည်း နီးကပ်လာသလို စာမေးပွဲကလည်း သူ့ကို ခြိမ်းခြောက်နေသဖြင့် သူ ထိုအဖြစ်အပျက်ကို အာရုံမရနိုင်တော့။ ကျောင်းသားဘဝက စာလည်းကျက်ရသေးသည်။ အနုပညာရှင်တစ်ဦးဖြစ်ချင်သည့် ဆန္ဒကိုလည်း အခွင့်အလမ်းလေးရှိတုန်း ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်ရန် ကြိုးစားရဦးမည်လေ။
"ဒါနဲ့ Krist မင်းဘာလို့ သရုပ်ဆောင်လိုင်းကို ဆက်လုပ်နေတာလဲ မင်းက သီချင်းဆိုရတာကို ပိုသဘောကျတာမဟုတ်လား..."
Gun မေးခွန်းကြောင့် Krist ပျင်းပျင်းနှင့် BL ဝတ္ထုကို ဖတ်နေရင်းမှ သူ့ကိုမေးလာသည့် Gun ကို လှမ်းကြည့်သည်။ Gun က ခုတင်ခေါင်းရင်းကိုမှီထိုင်ပြီး ဝတ္ထုဖတ်နေသည့် သူ့လက်ထဲမှ ဝတ္ထုကို လှမ်းယူပြီး သူ့ကို ကြည့်၏။ ထို Krist တစ်ကောင်ရဲ့ ဇာတာကလည်း ထူးထူးဆန်းဆန်း။ သူက သူ့ကိုယ်သူ Straight ပါဟု ပြောပြီး BL Series ကို audition ဝင်မည်တဲ့။
BINABASA MO ANG
Unleash(fanfic)
FanfictionRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...