သူက အဆုံးတောင်မမြင်ရတဲ့ ပင်လယ်ထဲနစ်မြုပ်နေသလိုပဲ။ မွန်းကြပ်မှု၊ သူ့ဘေးပတ်ပတ်လည်မှာ ဖိအားတွေပြည့်နှက်နေတယ်။ အပေါ်ကို သူ ကူးခပ်ပြီးတက်ချင်ပေမဲ့လည်း အဆင်မပြေဘူး။ သူ့လက်တွေကို မမြင်ရတဲ့ကြိုးတွေက ချည်နှောင်ထားတယ်။ တဖြည်းဖြည်းနဲ့ သူ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ ပင်လယ်ရဲ့အပြင်ဘက်မှာတော့ ကောင်းကင်ပြာကြီးရှိနေမယ်ထင်ရဲ့။ ရေပြင်ကို ဖြာကျနေတဲ့နေရောင်ခြည်ကို သူ မျက်လုံးတွေမမှိတ်ခင်က မြင်နေရသေးတယ်လေ။ တစ်ယောက်ယောက် သူ့ကို ဒီမွန်းကြပ်မှုထဲမှ ကယ်နိုင်မှာလား။
"တီတီတီ… တီတီတီ… တီတီတီ…"
"Singto ထတော့ … Singto ထတော့…"
နားထဲသို့ဝင်လာသည့် စက်သံတစ်ခုနှင့် ကြက်တူရွေးသံတစ်ခုကြောင့် သူ မျက်လုံးများဖွင့်လိုက်တော့ နေရောင်ခြည်သည် သူ့အခန်းတွင်းတွင်ဖြာကျလျက်။ သူ့ကြက်တူရွေးအမည်က Gecko ဘယ်လိုနာမည်ပေးခဲ့လည်းတော့ သူ မမှတ်မိ။ သေချာသည်က သူကြည့်နေသည့် Anime တစ်ခုခုသို့မဟုတ် ဖတ်နေသည့် Webtoon တစ်ခုခုမှ အမည်တစ်ခုဖြစ်ကောင်းဖြစ်လိမ့်မည်။
"ငါနိုးပြီ… မင်းတိတ်တိတ်နေတော့… ဆူညံနေရင် မင်းကို အဆောင်မှူးက ကင်စားလိုက်လိမ့်မယ်…"
စကားများတတ်သည့် Gecko ကို သူ ခြိမ်းခြောက်ကာ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ဝင်တော့ အမွှေးဆွတ်ဆွတ်ဖြူကာ အမောက်လေးထောင်နေသည့် ကြက်တူရွေးလေးသည် ခေါင်းလေးစောင်းစောင်း စောင်းစောင်းဖြင့် သူ့ကို ကြည့်ကျန်ခဲ့ရှာသည်။
ရေပန်းဖွင့်ချပြီးနောက် သူ့မျက်နှာထက် ရေစက်များကျလာနိုင်စေရန် ခေါင်းမော့ကာ သူ မျက်လုံးများမှိတ်ထား၏။ အတော်ကိုခက်ခဲတာပဲ။ သူ့ထံတွင် ထိုမွန်းကြပ်သည့် ခံစားချက်ကြီးကျန်ရှိနေသေးသည်။ ဘယ်သောအခါမှ သူ လွတ်မြောက်မှာလဲ။ အတွေးကိုဖြတ်ကာ ရေပန်းပိတ်ပြီးနောက် တဘက်ပုဝါအကြီးကို ခါးတွင်ပတ်ကာ အသေးကိုခေါင်းသုတ်ရင်းဖြင့် သူ ရေချိုးခန်းထဲမှ ထွက်လာသည်။
သူ တကယ်ရောလွတ်မြောက်ချင်လို့လား…
>>>>>Unleash<<<<<
ESTÁS LEYENDO
Unleash(fanfic)
FanficRelease me from this suffocation. Unleash me from this darkness. Save me from this emptiness. That's all I want...