မောင်...သိပါစေ
🌸pann
Part ( 2 )
ဟူး~~~~
ဇေဇေ အိမ်ပြန်ရောက်တာနဲ့ ကုတင်ပေါ် ပစ်လှဲပြီး.....မျက်လုံး အသာအယာမှိတ်ကာ ခဏ အညောင်းဖြေနေချိန်....ညနေခင်း တဒင်္ဂ အချိန်လေးတွင်း... မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းလေးက ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ဖြင့်.....
အဖြူ ရောင် ဖြူ လွှလွှ ဝမ်းဆက်လေးနှင့် ယဉ်ယဉ်လေး လှနေသော...သူမ
ပန်းဆီရောင် လေး သန်းနေသော သူမ နှုတ်ခမ်း သားများ....
နက်မှောင် ဖြောင့်စင်းနေသော သူမ ၏ ဆံကေသာ.... ပြုံးရိပ် သန်းနေသော သူမ ၏ ချစ်စရာ မျက်နှာ...ချိ ု သာလှတဲ့ သူမ စကားသံ....အရည်လဲ့နေသော သူမ မျက်ဝန်း....ဖြူ နုလှတဲ့ သူမ အသားအရည်....ဖြူ နုလှတဲ့ သူမ လည်တိုင် က မှဲ့ လေးတစ်ခု......ရယ်လိုက်ရင် သွားဖြူ ဖြူ လေးများ အစီအရီ လေး...ပေါ်လာပုံ....."...လက်တဲ့လား....ဟင်းဟင်း..."
Never...say...never.....ya...ya.....ya....ya...
Never.....ever....ever....ever....ever..ever
see....i never thought that about...🎶
ဇေဇေ...သူမ အကြောင်းလေး...တွေးနေစဉ် ဖုန်းဝင်လာသည်....
"....အေ့...ဝေယံ..."
"...ဟမ်...အခုလား...ဘယ်နှစ်နာရီ တောင်..ထိုးနေပြီလဲ..."
ဇေယျာ...လက်ကို မြှောက်ကာ နာရီ ကို ကြည့်လိုက်တော့....၆နာရီ ခွဲ ကျော်နေပြီ....သူငယ်ချင်း တွေ အမြဲ ချိန်း နေကျ အချိန် က ၈ နာရီ...
ပြင်ရမှာ ဆင်ရမှာနဲ့ ချိန်းထားတဲ့ နေရာကို အမှီရောက်နိုင်အောင် သွားဖို့လည်း ရှိသေးသည်လေ......အမှီ ရောက်အောင် မသွားနိုင်ရင် ဟိုကောင်တွေ စားသမျှ သူပဲ ရှင်းရမည်လေ.."..အေ့အေ့...အဲ့မှာ တွေ့မယ်လေ...အေးပါကွာ"
"...လက်ရေ...မင်းလေးတော့ မသိဘူး...ကိုယ်တော့ မင်းလေးအကြောင်းလေး တွေးမိရုံလေးနဲ့တင်...ကိုယ် လုပ်ရမယ့် ကိစ္စ လေးတွေ မေ့နေပြီ...ဟူး....ဘယ်သူ ဘယ်က မှန်း ကိုယ်လည်း
သေချာ မသိဘဲနဲ့ကွာ....မင်းလေးသာ ကိုယ့်ရဲ့
ဖူးစာရှင် လေးဆိုရင် မထင်မှတ်ဘဲ ထပ်တွေ့ပါစေဗျာ......"ဇေဇေ....သူတို့ ကံကြမ္မာ ကို စမ်းစစ်ဖို့ ထပ်တွေ့ရန် တောင်းဆိုနေမိသည်....
ESTÁS LEYENDO
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...