Part ( 8 )

1.3K 59 7
                                    


မောင်...သိပါစေ

🌸pann

Part ( 8 )

"...လက်...ဇေ...ရောက်နေပြီ..."

"...အင်း...လာခဲ့မယ်နော်..."

လက်...ဖုန်းချပြီး အိတ်ယူကာ ထွက်ခဲ့သည်..

"...မေ့...သမီး အပြင်ခဏ သွားလိုက်ဦးမယ် နော်..."

"...သွားလေ သမီး...အပြန်တော့ နောက်မကျစေနဲ့နော်..."

"...ဟုတ်   မေ....သွားပြီ..."

လက်...ခြံတံခါး စိပြီး ဇေ့ကားဆီ အမြန်လျှောက်သွားလိုက်သည်...။

ဇေ ကားပေါ် ကနေ မိုးပြာရောင် ဝမ်းဆက်လေးနှင့် လှနေသော သူမကို ငေးကြည့်နေမိသည်...

ဂျလောက်~~~~

ကားတံခါး ဖွင့်သံ နှင့် အတူ...ဇေ့ ဘေး ထိုင်ခုံ မှာ သူမလေး ဝင်ထိုင်နေပြီ...

ဇေ့ကို အပြုံးတစ်ပွင့် ပေးကာ ကားတံခါး ပြန်ပိတ်ပြီး ခါးပတ်ကြိုး သိုင်းတပ်ကာ...ကိုယ်ကို မတ်မတ်လေး ထိုင်နေပြန်သည်...

"..ဇေ...သွားမယ် လေ..."

"...ဟင်...အင်း..."

ခေါင်းလျှော်ထားသည် ထင်၏...ကားထဲမှာ ရှန်ပူ အနံ့သင်းပျံ့ပျံ့လေး က လူကို ကျီစယ် နေသယောင်ယောင်....

သူမကိုယ်သင်းနံ့ပဲလား....တစ်ခုခု ဆွတ်ဖျန်းလာသည်လား...ဇေ မသိ...။

ဇေ ရနေတဲ့ အနံ့က သင်းသင်းလေး နဲ့ ယဥ်ယဥ်လေး ...အနံ့မရိုင်း...

တခြား မိန်းကလေး တွေဆို ရေမွှေးအိုးထဲ ဇောက်ထိုးများ မှောက်ကျ လာသည်ဟု ထင်ရလောက်အောင် တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံး...ဆွတ်ဖျန်းနေကြတာ...သူတို့နားရောက်ရင် သူတို့အနံ့ကြောင့် လူက မူးချင်သလိုလို...ယိုင်လဲချင်သလိုလို ဖြစ်ကာ အော်ဂလီဆန် ပြီး ထွက်ပြေးချင်တဲ့စိတ် ဖြစ်တာကို...သူတို့ ကသူတို့ အလှ . သူတို့ ရေမွှေး ဆွတ်ဖျန်းလာတဲ့ အနံ့မှာ ယောက်ျားထုက မေ့မောလောက်အောင် တပ်မက်သည်ဟု သူတို့ ကိုယ် သူတို့...ဂုဏ်ယူ ဝင့်ကြွားစွာ ပြောတတ်ကြသည်...ကိုလည်း ရယ်ချင်မိပါ၏....

ထို မိန်းကလေး တွေထပ်...မတူဘဲ ဖြူဖြူစင်စင် လေး ပွင့်ဖူးနေတဲ့ ဇေ့ ဘေးနားက ပန်းလေးကို တယုတယ ခူးယူချင်တာ...ဇေ မှားလား...

မောင်..သိပါစေ ( Unicode )Tempat cerita menjadi hidup. Temukan sekarang