မောင်...သိပါစေ
🌸pann
Part (18)
လက်..မောင် မရောက်ခင် အိမ်မှ အစော ထွက်ခဲ့သည်..။
အမေ တို့ကို အလုပ် အစော သွားရမယ် ဆိုပြီး ထွက်လာခဲ့တာ..
နို့မို့ဆို မောင်နဲ့ တွေ့ရမှာ စိုးလို့သာ...။
လက် သိပါသည်..။
မောင်နဲ့ရင်ဆိုင် ဖြေရှင်းမေးမြန်းသင့်မှန်း...
ဒါပေမယ့်...ဒါပေမယ့် လက် အင်အား မရှိဘူး..သူနဲ့ ရင်ဆိုင်ဖို့ ကို
ဒီချိန် ရုံးကလည်း ဖွင့်သေးမှာ မဟုတ်တော့ လက် ကော်ဖီဆိုင် တစ်ဆိုင် မှာ ဝင်ထိုင်နေလိုက်သည်...
လက် မှန်ချပ်တွေမှ တဆင့် အပြင်ကို လှမ်းမြင်နေရသည်...။
မနက် အစော လမ်း ထလျှောက်တဲ့ သူတွေ ပြန်လာနေကြဟန် ရှိသည်..။
ကားတွေ ဆိုင်ကယ်တွေလည်း လမ်းမထက်မှာ တဖြေးဖြေး ပြေးနှင်နေကြသည်..။
လက်အတူတူတွဲကာ ဘေးလူတွေကို မေ့နေတဲ့ အတွဲတွေလည်း မြင်နေရသေးသည်..။
သူတို့ အချစ်က သာယာတာလား...
တကယ် အချစ်စစ် လို့ များလား...
ဒါမှမဟုတ် ချစ် စ ကြိုက် စ ကြင်နာ စ တုန်းမို့လို့လား...။
relationship တစ်ခုမှာ အချိန်ကြာလာတာနဲ့ သူ့အတွေး ကိုယ့်အတွေး သူ့အယူအဆ ကိုယ့်အယူအဆ ကွဲပြားလာကြတာ ကတောက်ကဆ လေးတွေ ဖြစ်တတ်လာတာ...။
အဲ့လိုလေးဆို လက် ပိုင်ဆိုင်နေရတဲ့ အချစ်ကို တန်ဖိုးထား မြတ်နိုးမိမှာ...
အခုတော့ ကိုယ့်အတွက် မဟုတ်တဲ့ အချစ်ကို လက် လောဘကြီးနေသလို များ ဖြစ်နေတာလား..။
ပြောတော့ အချစ် နဲ့ စစ်မှာ မတရားတာ မရှိဘူးဆို...
လက် က မောင့်အတွက် ဘာလဲ..။
လက် မောင့်အပေါ် ထားတဲ့ အချစ်က ဘယ်လိုပုံ ဖြစ်လာမှာလဲ....
ပေးဆပ်ခြင်းလား...
ရယူခြင်းလား...
ခွဲခွာခြင်းလား....
လက် မသိတော့ဘူး...မောင်ရယ် လက် မသိတော့ဘူး ။
YOU ARE READING
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...