မောင်...သိပါစေ
🌸pann
Part (25)
မ တဲ့လား..။
ဟုတ်လို့လား...ဇေ သိတဲ့ မ က ဘာလို့ ဒီကုတင်မှာ အိပ်နေရမှာလဲ ။
မ က ဒီလို မနေပါဘူး..
တစ်ကိုယ်လုံး ပိုက်တန်းလန်း တွေနဲ့..။
မ ရဲ့ နုဖက်နေတဲ့ လက်မှာ ဆေးထိုးအပ် တွေ..မ က နေမကောင်း ဘူးတဲ့လား ။
မ ဘယ်တုန်းကမှ ဇေ့ကို သူနေမကောင်းဖြစ်နေတာ မပြောပြခဲ့ဘူးသလို အရိပ်အယောင် တောင် မပြခဲ့ဘူး ။
မတွေ့ဖြစ်တဲ့ နှစ်ရက် အတွင်း မျက်နှာအရမ်း ချောင်ကျ သွားတာ မြင်ရတာ ဇေ ရင်တွေ ကွဲရပြီ..။
" ဇေ သား..ဘာဖြစ်လို့လဲ "
မျက်နှာ အရမ်း ပျက်ကာ တုန်လှုပ်ခြောက်ခြားနေတဲ့ ဇေ့ကို အကုန်လုံး က တထူးတဆန်း ကြည့်နေကြသည်..။
မ..မောင် ဘာပြောရမလဲ..။
မ ရဲ့ ချစ်သူ ရာထူး ရထားတဲ့ မောင် က ဘာဆိုဘာမှ မသိရပါလား..။
ဒီကို ဇေ ရောက်ခဲ့တာတောင် အဖေ့ကြောင့်..
မ ဇေ့ကို...ဇေ့ ကို ကွယ်ဝှက်ထားရက်တယ်ဗျာ..။
ဇေ စိတ်ကို ထိန်းချုပ်ပြီး မ မိဘ လို့ ထင်ရတဲ့ နှစ်ဦးကို သေချာ စိုက်ကြည့်ကာ..
" ဦးလေး ကျွန်တော့်ကို တစ်မျိုး မထင်ပါနဲ့..ဒီ အိပ်နေတဲ့သူက လင်းလက်သံစဉ် ဟုတ်လို့လား ဦးရဲ့..ကျွန်တော် သိတဲ့ လင်းလက်သံစဉ် က အခုလို မအိပ်နေလောက်ဘူး မတွေ့ဖြစ်တဲ့ ရက်ပိုင်းလေး အတွင်းမှာ အခုလို မ မအိပ်နေဘူး..ကျွန်တော့် ချစ်သူ က ဒီလို မနောက်တတ်ဘူး သေချာရဲ့လား ဦးရယ်..ဟုတ်လို့လား ကျွန်တော့်မ ဟုတ်လို့လား.."
ဇေ ပြောရင်း အသံတွေ တုန်ယင်လာသည်..။
မဟုတ်ဘူးလို့ ငြင်းပေးပါ..ဦးရယ်..။
ကျေးဇူးပြု ပြီး..မဟုတ်ဘူးလို့ ပြောပေးပါ..။
" ဦးတို့သမီး လင်းလက်သံစဉ် ပဲလေ..သမီး ချစ်သူ ဖြစ်တဲ့ မင်းက သမီး မျက်နှာလေးတောင် မမှတ်မိဘူးလား.. "

YOU ARE READING
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...