မောင်...သိပါစေ
🌸pann
Part (19)
" မောင့် ..အဲ့စကားမပြောပါနဲ့ ကျွန်မက ရှင့်လို မဟုတ်ဘူး "
" ဘာ.."
" ကျွန်မကို ပြောမယ်ဆို ရှင်ကိုယ်တိုင် လည်း အရင် ဆင်ဆင်ခြင်ခြင် နေသင့်တယ်လေ "
ရှင် တွေ ကျွန်မ တွေနဲ့ ပြန်ရန်စွာနေတဲ့ မ က ဇေ့ရဲ့မ လား...။
ပြီးတော့ ဇေက ပြောရမယ့်သူပါ..သူက ပြောရမယ့်သူ မဟုတ်ဘူး ။
" ခင်ဗျား ဘာတွေပြောနေတာလဲ..ခင်ဗျား အပြစ်တွေကို ကျွန်တော့် ဘက် လွှဲပို့တာတော့ ကောင်းတဲ့အလုပ် မဟုတ်ဘူး နော် "
အခုထိ ဖုံးကွယ်ထားတုန်းလား..မောင် ။
ဘယ်လောက်ထိ လိမ်ညာနေဦးမှာလဲ ..ဘယ်ချိန် ထိလဲ ။
လက်..သူ့ကို စကားမပြောမိဘဲ သေချာစိုက်ကြည့်နေလိုက်သည် ။
ဘာလဲ..အဲ့အကြည့်က
" ခင်ဗျား အဲ့လိုမကြည့်နဲ့..ကြည့်စရာလည်း မလိုဘူး အပြစ်လုပ်သူက ကျွန်တော် မဟုတ်ဘူး..ခင်ဗျားလို ရုပ်လေးဗန်းပြနေတတ်တဲ့ ကောင် မဟုတ်ဘူး ကျုပ်ဘာသာပဲနေတတ်တယ် "
" ကျွန်မကရော ဘာလုပ်နေလို့လဲ "
" ဟ...ခင်ဗျားဘာလုပ်တယ်ဆိုတာ ကျုပ်ပါးစပ်က ထုတ်မပြောလည်း ခင်ဗျားလုပ်ရပ်ခင်ဗျားပိုသိမှာပေါ့..ဘာအချိုးချိုးနေတယ် ဆိုတာ ဘေးလူက အကုန်မြင်ရတယ် "
" ဟုတ်လား..ကျွန်မ ဘာလုပ်နေလဲ ပြောပါဦး "
မထီမဲ့မြင် ပြန်မေးနေတဲ့ ဇေ သိပ်ချစ်ရတဲ့ မ ကို အရင်စိတ်နဲ့သာဆို ရိုက်မိနေလောက်ပြီ..။
ဒါ..မ ရဲ့ ဘာအချိုးလဲ
အမှန်ဆို မဟုတ်ဘူး မောင်ရဲ့..မောင် အထင်လွဲနေတာပါလို့ စကားလေး ထွက်လာရမှာလေ..။
အခု ဘာကိစ္စ နဲ့ သူက အဲ့ကိစ္စ မရှိသလို ရေလုံနှုတ်ပိတ် နေရတာလဲ..။
သူ နှုတ်ပိတ်လေ ဇေ ပိုဒေါသထွက်လေ...
" ခင်ဗျား နေ့ခင်းက ဘာလုပ်တယ်ဆိုတာ ကျုပ်ပါးစပ်က ပြောပြမှရမှာလား...ကိုယ့်အသိလေးနဲ့ကိုယ် အရင်ပြောပြရမှာ မဟုတ်ဘူးလား "

STAI LEGGENDO
မောင်..သိပါစေ ( Unicode )
Storie d'amoreသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...