မောင်...သိပါစေ
🌸pann
Part (17)
" ဘာတွေလဲ ဒီပုံတွေက မောင်နဲ့ ဒီကောင်မလေး က ဘာတွေလဲ ဘာလို့ဒီလောက် ပူးကပ်နေရတာလဲ .. "
ပုံတွေ ပို့ထား တဲ့ ရက်စွဲ ဒိတ်လေးကြည့်တော့ မောင် မအားလို့ မလာနိုင်ဘူး ဆိုတဲ့နေ့က...။
သေချာပါတယ်.. အဲ့နေ့ရက်စွဲ ဒိတ်ကို လက် သေသေချာချာ မှတ်မိနေတာ..။
သူ လာမတွေ့နိုင်တာ သူ မအားတာ..ဒီကောင်မလေး နဲ့ တွေ့ဖို့လား..မောင် ။
သူက ဘယ်သူလဲ ရိုးရိုးခင်ရင် ဒီလိုအကြည့်ချင်းတွေ မဆုံဘူး .. ရိုးရိုးခင်ရင် ဒီလို အကြည့်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ကြည့်မနေဘူး..။
မောင်..သူနဲ့ အတူ ရှိနေလို့ မ နဲ့မတွေ့နိုင်တာလား..။
မ က မောင့်အတွက် ဘယ်နံပါတ်မြောက်လဲ..မောင်..။
မ က မောင့်အတွက် အရေးရော ပါရဲ့လား..
မကို ဘာတွေ လျှိ ု ထားတာလဲ..
မောင် မကို အရမ်းသဝန်တိုပြတတ်တာ..မကို သိပ်ချစ်တဲ့ ပုံပြတတ်တာ အစစ်ရော ဟုတ်ရဲ့လား..မောင် ။
မောင့်ရဲ့ လုပ်ကွက် တစ်ခုပဲလား..မကို မလိမ်နဲ့..မ လိမ်တာ မကြိုက်ဘူး...အထူးသဖြင့် မောင့်ကောင်မလေး တွေနဲ့ ပတ်သက်ပြီး မ ကို ပိုတောင် မလိမ်သင့်ဘူး..အမှန်တကယ် မ ကို ချစ်ရင် ပေါ့..။
မောင် မကို မချစ်လို့...
မောင် မကို အလေးမထားလို့..ဒီကိစ္စ တွေကို လျှိ ု ထားခဲ့တာပေါ့..။ဒီကောင်မလေး ကလည်း မ ကို သိနေတာလား...မောင် တို့ မ နောက်ကွယ်မှာ မ အကြောင်း တွေ ပြောပြီး ဟားတိုက်နေခဲ့ကြတာလား..မ အချစ် ကို လှောင်ပြောင်နေခဲ့တာလား..မောင်ရယ်..။
ဒီကောင်မလေး က မ ထပ် ပိုချောပါတယ်.. ပိုလှပါတယ်...ဒါပေမယ့် သူ မောင့်ကို ချစ်တာ မ ထပ် သာမှာ မဟုတ်ဘူး မောင်..။
ဒါတွေ မောင်သိရဲ့လား..
မက မောင့်အတွက် ဘာလဲ..
ခဏ ကစားတဲ့ အရုပ်လေးလား..မောင်..
မောင် ပျော်ရင် ကစားပါ..မ ကိုရော မ နှလုံးသား ကိုရော မ ခန္ဓာ ရော..မောင် ပျော်သလို စီမံပါ..။

ESTÁS LEYENDO
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...