မောင်..သိပါစေ
🌸pann
Part (21)
" အား..ကျွတ် ကျွတ် "
မနက် မိုးလင်းလာတော့ ဇေ့ ခေါင်းတွေ အရမ်းထိုးကိုက်နေသည်..။
မေသာက္စဖူး ညက သောက္ပစ္လိုက် တော်တော် ရေချိန်ကိုက်တာထပ် ကျော်တောင်ကျော်သွားသေးတယ် ။
ခေါင်းက တော်တော် နဲ့ မကြည်...နောက်ကျိကျိ နှင့်
ဒေါက်...ဒေါက်
" ဇေ နိုးပြီလား..သား "
" ဟုတ်...ဘယ်ချိန် ရ်ှိပြီလဲ အမေ "
" နေ့လည် ၁၁ နာရီ ထိုးပြီ "
" အလုပ်နောက်ကျ နေပြီပဲ.."
ဇေ ဇွတ်ထ တော့ အမေက ဆွဲချကာ ပြန်ထိုင်ခိုင်းစေသည် ..။
" ဒီနေ့တော့ မသွားနေနဲ့တော့...အိမ်မှာပဲ နားနေလိုက် "
" အလုပ်က "
" အလုပ်ကို ကြောက်နေရင် ညကတည်းက အလွန်အကျွံ မသောက်ခဲ့နဲ့ပေါ့ "
" မသောက်ပါဘူး မေရာ..."
" မသောက်လို့ပဲ ဇေရယ်..လူမှန်းမသိ လောက်တဲ့ထိ အိမ်ရောက်တာတောင် မသိဘဲ.."
" နည်းနည်း များသွားလို့ပါ ...အား ကျွတ် "
" ဟော..အခုတော့ ကိုက်နေပြီမလား အမေ ပျားရည်နဲ့ သံပုရာ ရောဖျော်ခဲ့တယ်. ..သောက်လိုက်..ရော့ "
ဇေ မသောက်ချင်ပါဘူး ..အမေရာ လို့လည်း အထွတ်မတက်ရဲ ...ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ။
ဂလု..ဂလု..ဂလု
ဇေ ပြောမနေဘဲ တခါထဲကို အကုန် သောက်ချလိုက်သည် ။
" အာ...အမေရော ဆိုင်မသွားဘူး လား "
" ကလေးထိန်းပြီးမှ သွားမလို့ "
" ဟင်..ဘယ်က ကလေးကို ခေါ်လာပြန်တာလဲ အမေရာ ရှုပ်ရှုပ်ယှက်ယှက် "
" အိမ်က ကလေးကြီးကိုတောင် မထိန်းနိုင်တာ ထပ်ပြီး ဘယ်က ကလေးကို ခေါ်နေရဦးမှာလဲ "
" အိမ်က ကလေးကြီးက ဘယ်သူလဲ "
" အိမ်မှာ အငယ်ဆုံး က ဘယ်သူပဲ ရ်ှိလဲ "
ESTÁS LEYENDO
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...